ရှောင်ကျန့် ပြန်ရောက်တော့ နေ့လည် ၁နာရီ
အိပ်ပျော်နေတဲ့ ကလေးလေးရဲ့ နဖူးပြေပြလေးကိုငုံ့နမ်းလိုက်ရင်ပဲ လူးလွင့်လာလေရဲ့
"အင်~~ကိုကို ပြန်လာပြီ"
"ပြန်လာပြီ ....ပျင်းနေလားကလေး? ဖန့်ဖန့်ရော မလာဘူးလား?"
"လာတယ်ကိုကိုရဲ့.....စောစောလေးကမှထွက်သွားတာ"
ကုတင်ပေါ်မှာထိုင်ကာ အကျီလက်ခေါက်တင်နေတုန်း
ပေါင်ပေါ် ရောက်လာတဲ့ခေါင်းလုံးလုံးလေးနှာခေါင်းလုံးလုံးလေးကို ညစ်လိုက်ရင်း
"ဗိုက်ဆာပြီလား...? သက်သာရင် ကိုယ်တို့ အပြင်ထွက်စားမလား? "
"ဟုတ်...ကလေးလည်း.... အပြင်သွားချင်တယ်..."
"အဲ့ဒါဆို ....ရေချိုးတော့...ကိုယ်အကျီထုတ်ပေးထားမယ်"
"ဟုတ်..."
________________ရေချိုးပြီးထွက်လာတော့ ရှောင်ကျန့်က အကျီပင်လဲပြီးနေပြီ
မိုးပြာရောင်အကျီလေးနဲ့ ကိုကိုက ဘယ်ချိန်ကြည့်ကြည့်
ခန့်ညားပြီး ပြည့်စုံတယ်သူ့အတွက်ထုတ်ပေးထားတဲ့ t shirt အဖြူလေးနဲ့ မပြာရောင် အပေါ်ထပ်လေးကိုဝတ်ရင်း
"ကိုကို....မနက်က အစဉ်ပြေခဲ့လား?"
"ပစ္စည်းကအဆင်ပြေပါတယ်...ဒါပေမဲ့
လိုချင်တဲ့သူကများနေတော့ လေလံပွဲလုပ်ရအုန်းမှာ""အင်~လေလံပွဲကဘယ်တော့လဲ?"
"ဒီအပတ်ထဲပဲ ကလေးရဲ့...ကိုယ်ကမယူတော့ဘူး"
"ပစ္စည်းကအဆင်ပြေတယ်ဆို...?"
"ခုက ကိုယ်တို့ honeymoon ခရီးလေ...အလုပ်တွေနဲ့ဆို
ကလေးစိတ်အနှောက်အယှက်ဖြစ်မှာဆိုးတယ်""မဖြစ်ပါဘူးကိုကိုရဲ့...အလုပ်တြွေပစ်ပြီးကလေးကိုအချိန်ပေးနေရတာကို...အားနာတယ် ...ကိုကို လုပ်စရာရှိတာလုပ်နော်..."
"ဟုတ်ပါပြီဗျာ...ကိုယ်ကလေးလေးက သိတက်လိုက်တာ"
"ဟီးး......ကိုကို"
"ဗျာ..."
"ကလေးက.... ကိုကို့အတွက်ဘာလဲဟင်?"
أنت تقرأ
Sugar man & Canday Boy{Unicode & Zawgyi}Complete
الخيال (فانتازيا)Xiao Zhan -seme Yibo -uke (Zhanyi)