Sugar & Candy (Part -48)U

4.9K 309 36
                                    

menstruation အကြောင်းပြပြီး ရိပေါ်စားချင်တာတွေစားလို့မရဘူး။

ခုလည်း ထမင်းစားခန်းထဲမှာ ဆူပုပ်ပုပ်

"အားဝမ်...ပန်းသီးယိုလုပ်ပေးမယ်လို့...ဧည့်ခန်းထဲသွားထိုင်နေချည်နော်..."

"မစားချင်ဘူး..."

"အ့ဆို မက်မွန်သီးယို..."

"ဟင့်အင်..."

"ဇီးသီးသကြားလုံးလုပ်ပေးမယ်..."

"လုံးဝမစားဘူး...အ့တွေထဲစားနေရတယ်
လူလည်းယိုစုံနံ့တောင်ထွက်နေပြီ...သခွါးသီးကိုလျှာလကာရည်နဲ့သုပ်ပေး..."

"သခွါးသီးကရတယ်လေ...လျှာလကာရည်တော့မထည့်နဲ့လေနော်..."

"ချဥ်ချဥ်လေးစားချင်တာလို့..."

"အချဥ်နဲ့အစပ် မကျွေးရဘူးလို့...သခင်လေးမှာထားတာ..."

"ခု...ကိုကိုရှိလို့လား...ဟိုကိစ္စတွေလည်းပြီးတာကြာပေါ့ကို...တော်ပြီ ...ကျဲကမှ လုပ်ပေးချင်စိတ်မရှိတာ...မစားဘူး...ဘာမှမစားတော့ဘူး...ဟွန့်..."

"မဟုတ်ပါဘူး အားဝမ်ရယ်...ကျဲက..."

"တော်...ဘာမှလာမပြောနဲ့..ဘာမှလဲ လာမကျွေးနဲ့ဒါပဲ..."

ခြေဆောင့်ပြီး ထွက်သွားတဲ့ ကောင်လေး
သွေးသားအသစ်မို့နဲ့တူပါရဲ့အချဥ်တွေအငံတွေအရမ်းတောင်းနေတာသခင်လေးကသေချာမှာထားတာမို့ ကျွေးလို့တော့မဖြစ်ပေ။

ရိပေါ် စကိတ်လေးဆွဲပြီး အိမ်ရှေ့ကိုမယောင်မလည်နဲ့ထွက်လာသည်။လီလီကျဲက ဟင်းချက်ဖို့ရာ စီစဥ်နေတော့ သူကိုသတိထားမိမနေဘူး

ခက်တာက ခြံထဲကအလုပ်သမားတွေ ဘယ်လိုပတ်ထွက်ရမလဲစဥ်းစားပြီး

"ဦးလေးဖန့်...ဒီနားက ပန်းအိုးတွေကို အိမ်နောက်ဘက်ရွှေ့ပေးပါလား..."

"သခင်လေး...ပန်းအိုးတွေကမနေ့ကမှအသစ်ရောက်တာလေ...အနောက်ပို့တော့မှာလား..."

"ဟို...ကိုကိုကရွှေ့ချင်တယ်ပြောနေတာ...
ရွှေ့လိုက်ပါနော်...နောက်အသစ်ထည့်ချင်လို့နေမှာပေါ့..."

"ဟုတ်ကဲ့...ဟုတ်ကဲ့..."

ရိပေါ်ကောင်းမှုနဲ့ အိမ်ရှေ့က အလုပ်သမား၅ယောက်သွေးပူလေ့ကျင့်ခန်းလုပ်နေရသည်။

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now