Sugar & Candy (Part-29) Z

5.2K 202 6
                                    


ဥရောပနိုင်ငံမှာ လူအများအားကျရတဲ့မင်္ဂလာပွဲလေး
weiboတွေမှာလဲ ရှောင်းလူကြီးရဲ့မင်္ဂလာပွဲက
ပလူပြန်လို့

လက်ထပ်ခွင့်တောင်းတုန်းက လာခဲ့တဲ့လူတွေအပြင်
နောက်ထပ် ရိပေါ် မမြင်ဖူးသူတွေအများအပြားပင်

ခုလည်း ကိုကိုက အလုပ်ကြောင်းပြောရင်းစကားကျနေပြန်ပြီ ရိပေါ်လက်လေးကို ဆုပ်ကိုင်ထားဖို့တော့မမေ့ဘူး

ရိပေါ် ဘေးဘက်လေးရံကိုကြည့်လိုက်တော့
သူတို့နှစ်ယောက်ရဲ့ pre wedding ဓာတ်ပုံတွေရှေ့မှာ ဓာတ်ပုံရိုက်နေသူတွေ

မျန်မျန်ကျဲကိုတော့မတွေ့
ဉီးလေးယွီကတော့ မင်္ဂလာချိန်ပြီးတာနဲ့တန်းပြန်သွားတယ်
ရိပေါ်တောင်သေချာနူတ်မဆက်လိုက်ရဘူး

~~ဝှါး~~~

ရိပေါ် လက်ကလေးနဲ့အုပ်ပြီး သန်းလိုက်တော့ ကိုကိုက

"ကလေး ပင်ပန်းနေပြီလား?"

"အွင်းး😞အိပ်ချင်တယ်"

ခေါင်းလေးငုံ့ကာ နှုတ်ခမ်းလေး မသိမသာချွန်ပြီးပြောလာတဲ့ကလေးလေး

ရှောင်ကျန့် ရိပေါ်လက်ကလေးကို ညှစ်လိုက်ရင်း
ရှေ့ကလူတွေကို နှုတ်ဆက်စကား​ပြောပြီး

"အ့ဆို ပြန်နားရအောင်နော် ကလေး"

"ဟုတ်"

"စီယန် !"

ဓာတ်ပုံရိုက်ပေးနေတဲ့စီယန် အပြေးလေးလာရင်း

"ရှောင်ကျန့်ကောကော ဘာအဆင်မပြေလို့လဲ?"

"ပြေတယ် ခုကော ပြန်တော့မယ်
ရိပေါ်လေးပင်ပန်းနေပြီမလို့"

"လူ~လူ တွေမပြန်သေးဘူးလေ ကောရဲ့
ဧည့်ခံရအုန်းမယ်လေ
ခုမှ ၁၁နာရီရှိသေးတာကို"

ရိပေါ် ရှောင်ကျန့် အကျီလေးကိုဆွဲရင်း

"ကလေး အိပ်ချင်နေပြီကိုကို
ခြေထောက်တွေလည်းညောင်းတယ် ဟင့်!"

"ဟုတ်ပြီ ဟုတ်ပြီ အိပ်ရမယ်နော်
မျန်မျန်နဲ့ရှီးချန်ကို ထားခဲ့မှာပဲလေ
စီယန်ပဲအဆင်ပြေအောင်လုပ်လိုက်တော့နော်"

"အဲ~~အဲ~~~"

စီယန် ပြန်ပြောမယ်မှမကျန်သေး ရိပေါ်ကိုမချီရုံတစ်မယ် ခေါ်ပြီးထွက်သွားလေရဲ့

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now