Sugar & Candy (Part-44)U

4.4K 330 23
                                    

ရိပေါ်  ဒီနေ့အူမြူးနေတယ် ကုမ္ပဏီသွားတော့မဲ့
ရှောင်းကျန့်ကို အကျီကူဝတ်ပေးနေရင်း   ပြုံးစိစိနဲ့

မို့တက်နေတဲ့ပါးလေးကို  ငုံ့နမ်းလိုက်ရင်း

"ကိုယ့်ကလေးလေး...ဘာတွေသဘောကျနေတယ်..."

"ဟိ...ယံယံစီသွားရမဲ့နေ့လေ...
ကိုကို...မေ့မနေနဲ့နော်...စောစောပြန်ခဲ့..."

ဒီနှစ်လအတွင်း  ရိပေါ်အရင်လိုပဲပြုံးပြုံးရွှင်ရွှင်ဖြစ်နေသည်။

ယံယံလေးကလည်း  ရိပေါ်ကိုသံယောဇဥ်တော်တော်ရှိတယ်

တစ်ပတ်ကို ၃ရက် ဘုရားကျောင်းကိုလိုက်ပို့ရတယ်
ဘုရားကျောင်းရောက်ရင်   ပါးပါးလေးဆိုပြီး
ရိပေါ်နားကမခွါတော့ဘူးကလေးယူဖို့လည်းထပ်မပြောတော့တာမို့ရှောင်းကျန့်လည်း စိတ်အေးရတယ်လေ

"ဟုတ်ပါပြီ..."

"ကိုကို..."

"ဟင်..."

"နှစ်လတောင်ကျော်နေပြီ...ယံယံလေးမိဘတွေက
ပြန်လာမခေါ်လောက်တော့ပါဘူးနော်ဆုမတောင်းကောင်းပေမဲ့...သူတို့နဲ့ပြန်လာမခေါ်တော့ရင်ကောင်းမှာပဲ..."

နဖူးလေးကိုနမ်းလိုက်ရင်း...

"ကလေး...ယံယံကို...မွေးစားရမယ်လို့တထစ်ချကြီး
တွေးမထားနဲ့နော်...ကိုယ်တို့ဘယ်လောက်ပဲချစ်ပေးနိုင်ပါစေသူ့မိဘရင်းတွေနဲ့တော့...မတူနိုင်ဘူးလေ...
အရမ်းကြီး  မျှော်လင့်ထားပြီးဖြစ်မလာခဲ့ရင် ကလေးပဲခံစားရမှာ..."

"အင့်...ရိပေါ်ကယံယံလေးကိုချစ်တာကို..."

"ဟင်...အ့ဆိုကိုယ့်ကိုရောမချစ်ဘူးလား..."

"ကိုကိုနော်...တူမလား..."

"မရဘူး...ကိုယ်က ကလေးတစ်ယောက်ထဲကိုပဲချစ်တာလေ...ကလေးကနှစ်ယောက်တောင်..."

နှုတ်ခမ်းကို  နှစ်ချက်ဆင့်နမ်းလိုက်ရင်း

"နှစ်ယောက်လည်း...ကိုကို့ကိုပိုချစ်တာပါ...
ညနေစောစောပြန်ခဲ့နော်..."

ပြွတ်စ်ခနဲ့မြည်အောင်   နှုတ်ခမ်းလေးကိုဆွဲစုပ်လိုက်ပြီး

"ဟုတ်ပါပြီဗျာ...morning kiss"

____________

"ရှောင်းကျန့်...နင်ကလေးမွေးစားမလို့ဆို..."

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now