Sugar & Candy ( Part-17) Z

3.6K 209 1
                                    

"ကိုကို""

"ကျွန်တော့်ကိုကြည့်ပါအုန်း ကိုကိုရေ "

ရှောင်ကျန့် မျက်လုံးကိုအတင်းပွတ်ကြည့်လိုက်တော့ အကျီအဖြူရောင်လေး နဲ့ မျက်လုံးလေးမှေးနေအောင်ပြုံးပြနေတဲ့ကလေးလေး ဟုတ်တယ် ကျွန်တော် ကလေးလေး

ရှောင်ကျန့် လက်လေးကိုလှန်းဆွဲမယ်လုပ်တော့ ပြေးထွက်သွားတဲ့သူလေး

"ကလေး ဘယ်သွားမလို့လဲ ကလေး "

ရိပေါ် သူ့ကိုပြုံးပြုံးလေးလှည့်ကြည့်ရင်း ဆက်ပြေးသွားတယ်

ရှောင်ကျန့် မျက်ရည်​တွေစီးကျနေရင်းက

"ကလေး ! ကိုယ်စီပြန်လာပါကွာ"

" ရိပေါ် ကိုယ်ပြောနေတယ်လေ ကလေး"

ရှေ့ကပြေးသွားတဲ့ အဖြူရောင်ပုံရိပ်လေး မှေးမိန်ပြီးပျောက်သွားသည်ထိ ရှောင်ကျန့် အဆက်မပျက်တားနေမိသည်။

၎နာရီကြာသတိမေ့နေတဲ့ ရှောင်ကျန့် မျက်လုံးထောင့်လေးမှာလည်း မျက်ရေတွေစီးကျနေရဲ့

"ကလေး!"

ရှောင်ကျန့်လဲနေရမှ အတင်းထလိုက်ရင်ပဲ ရှီးချန်ရောက်လာပြီး

"ရှောင်ကျန့် ! သတိထားအုန်း"

"ရှီးချန် ကလေးရော ကလေးရော"

အတင်းရုန်းနေတဲ့ ရှောင်ကျန့်ကို ထိန်းရင်း

"ရိပေါ် အရေးပေါ်ခန်းကထွက်လာပြီ "

"အာ့ဆို ကလေးစီသွားမယ် ဖယ်ကွာ"

"သွားလို့မရသေးဘူး သူပိုးသတ်ခန်း ထဲမှာ နေရအုန်းမယ်"
"ကလေး အခြေအနေရော "

ရှီးချန်မျက်နှာပျက်သွားရင်း

"ရှီးချန် ကလေးအခြေအနေရော"

"ရိ ရိပေါ် ဒဏ်ယာကပြင်းတယ် အာရုံကြောကိုတော်တော်ထိသွားတာလို့ပဲပြောသွားတယ် သေချာမသိရသေးဘူး"

ရှောင်ကျန့် စီးကျနေတဲ့မျက်ရည်တွေကို အတင်းသုတ်ရင်း

"ကလေးငါ့စီကထွက်မသွားရင်ပဲ ငါခံနိုင်ရည်ရှိပါတယ်ကွာ ငါကလေးကိုတွေ့ချင်တယ် "

"၅နာရီကြာအောင်ပိုးသတ်ရမှာလို့ပြောတယ် အသက်အန္တရယ်မစိုးရိမ်ရတော့ဘူးပဲ မင်းစိတ်လျော့ပါကွာ"

Sugar man & Canday Boy{Unicode & Zawgyi}CompleteKde žijí příběhy. Začni objevovat