Sugar & Candy (Part-24)U

7.1K 405 33
                                    

2:00 PM

ရိပေါ် ကားပေါ်ကအပြေးဆင်းပြီး ကုမ္ပဏီထဲဝင်သွားသည်။  ကားလမ်းတွေပိတ်နေတာတွေနဲ့  ကိုကိုထမင်းစားဖို့နောက်ကျနေပြီ။

ဧည့်တွေ့ကောင်တာကအမကိုလည်း  ကိုကို့ကို အကြောင်းမကြားဖို့ပြောရသေးတယ် ။

ရုံးခန်းကို အသွား လမ်းချိုးမှာ ရိပေါ် ခြေလမ်းတွေရပ်တန့်သွားသည်။သူနှင့် မျက်နှာချင်းဆိုင်မှာ  ဖုန်းပြောရင်းလာနေတဲ့ စီယန်  ကိုယ်ကိုနံရံနဲ့ကွယ်နေလိုက်တော့  စီယန်သူ့ကိုမမြင်ပဲ   ကိုကို့ရုံးခန်းထဲဝင်သွားလေရဲ့သူများတွေပြောတာ တကယ်ဖြစ်နေပြီလားကိုကိုရိပေါ်    ခေါင်းလေးကိုအတင်းခါရင်း

"အလုပ်ကိစ္စရှိလို့ပဲနေမှာပါ"

လေးပင်တဲ့ခြေလှမ်းတွေနဲ့  ရုံးခန်းရှေ့ရောက်တော့  တံခါးခေါက်မည်အလုပ်ရယ်သံလွင်လွင်နဲ့ အတူတံခါးပွင့်လာလေရဲ့  တံခါးရှေ့မှာ ထမင်းဗူးလေးကိုင်ကာ ရပ်နေတဲ့ ရိပေါ်ကိုမြင်တော့

"ရိပေါ် !"

အံ့သြသွားတာလား မဟုတ်တာလုပ်ပြီးလူမိသွားတာလားပဲကိုကိုရယ်  စီယန်ကျဲက  ကိုကို့လက်မောင်းကို တွဲထားတယ်လို့မြင်လိုက်တာကတော့ ကျွန်တော် မျက်စိမမှားဘူးထင်ပါရဲ့။

ရိပေါ်  နှုတ်ခမ်းလေးကွေးတက်သွားအောင်ပြုံးပြရင်း

"အင်း  ကိုကို့အတွက်  ထမင်းဗူးလာပို့တာ စီယန်ကျဲလည်းရောက်နေတာလား?"

"နိဟောင် ရိပေါ် စောစောကပဲကျဲရောက်တာ"

"  အိမ်နေပဲနေတာမဟုတ်ဘူးကွာ"

ရိပေါ် မျက်တောင်လေးကိုပုတ်ခပ်ပုတ်ခပ်လုပ်ကာ အောက်နှုတ်ခမ်းလေးကို ခပ် စစတစ်ချက် ဖိကိုက်လိုက်ရင်း

"ကိုကို စားတော့မလား ကျွန်တော်ပြင်ပေးမယ်လေ"

"ကိုယ် စီယန်နဲ့ အပြင်သွားစရာရှိတယ်ကလေး မစားတော့ဘူး အပြင်မှာပဲစားတော့မယ်"

"အ့ဆို  ကျွန်တော် ကိုကိုပြန်လာတဲ့ထိစောင့်မယ်လေနော် ကိုကိုနဲ့အတူတူပြန်ချင်လို့"

"အင်းးးး  ကိုယ့်ရုံးခန်းထဲနေခဲ့ ပြီးရင်ပြန်လာခေါ်မယ် "

"ဟုတ်!"

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now