မနက်ခင်း နေရောင်ခြည်နွေးနွေးလေးနဲ့အတူ
ရှောင်ကျန့် နိုးလာပြီး
ညာဘက်လက်မောင်းတစ်ခုလုံးထုံကျင်နေသည်လက်မောင်းပေါ်က ခေါင်းသေးသေးလေးကို အသာလေးငုံ့နမ်းလိုက်ကာ ခေါင်းအုံးပေါ်အသာချ ထားပြီး
မျက်နှာသေးသေးဖွေးဖွေးလေးနဲ့ ကောင်လေးကိုအပေါ်စီးမှ ကြည့်ရင်း
ပါးဖောင်းဖောင်းလေးကို ခပ်ဖွဖွထပ်နမ်းလိုက်ကာ
"ကလေး "
"အင်"
ရိပေါ်မျက်လုံးပင်မဖွင့် ရှောင်ကျန့်ခါးကိုဖက်ကာ
ရင်ခွင်ထဲခေါင်းလေးတိုးဝင်ပြီး ထပ်အိပ်နေသည်"ကလေးလေး ထတော့လေကွာ "
ရိပေါ် မျက်လုံးကို လက်နဲ့ပွတ်ရင်း
"ကျွန်တော် ထပ်အိပ်ချင်သေးတယ်"
"အာ့ဆိုလည်း ကိုယ့်ကိုလွတ်ပေးအုန်း ကိုယ်အလုပ်နောက်ကျတော့မယ်"
ထိုမှ ရိပေါ် ခါးလေးကိုလွှတ်ပေးကာ အိပ်ယာမှ ထထိုင်လိုက်ရင်ပဲ
"ကလေးပဲ အိပ်ချင်သေးတယ်ဆို? အိပ်လေကွာ"
"အိပ်တော့ဘူး ကိုကိုနဲ့ အတူတူ မနက်စာစားမလို့"
ရှောင်ကျန့် ပြုံးမိသည် တကယ်ပဲအလိုက်သိတဲ့ ကလေးပဲလေ
"ကိုယ့်ကလေးလေးက သိတက်လိုက်တာ မွ"
ရိပေါ် သဘောကျသည် ကိုယ်ချစ်ရတဲ့သူနဲ့ မနက်တစ်ခုကိုအတူတူနိုးထရတာလောက် ဘယ်အရာမှ ကြည်နူးဖွယ်ကောင်းမည်မဟုတ်
"ကျွန်တော်မျက်နှာသစ်ဖို့ အခန်းထဲပြန်တော့မယ်"
"ဟင့်အင် ကိုယ့်နဲ့အတူတူသစ် "
"သွားတိုက်ဖို့မပါဘူးလေ"
"အပိုရှိတယ် လာ"
ရှောင်ကျန့် ရိပေါ်လက်ကလေးဆွဲပြီး ရေချိုးခန်းထဲဝင်လာသည်
ရိပေါ် မျက်နှာသစ်ရန် မှန်ကြည့်လိုက်စဉ်
နှုတ်ခမ်းပါးပါးလေးမှာ သိသိသာသာထူအမ်းနေသည်
ဘေးကသွားတိုက်နေတဲ့ရှောင်ကျန့်ကို မျက်စောင်းထိုးရင်း
![](https://img.wattpad.com/cover/205219842-288-k244094.jpg)
YOU ARE READING
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)