Sugar & Candy (part-12)U

8.5K 548 2
                                    

ရှောင်းကျန့် တစ်ယောက်အကောင်ပေါက်ကိုအတော်ချော့နေရပါပြီ။ပြန်လဲပေးမယ်ဆိုတော့လည်းမရ  အသစ်ဝယ်ပေးမည်ဆိုတော့လည်း မလိုဘူးဆိုပဲ

"ကလေးကလည်း စိတ်မဆိုးတော့ပါနဲ့ကွာ 
ရှီးချန်တို့ကို  ကလေးမွေးနေ့ညစာဝယ်ကျွေးမယ်လို့ ပြောထားတယ်  ကိုယ်တို့ အပြင်သွားကျမယ်လေနော်"

"ညစာစားပြီးရင် အိမ်တန်းပြန်မလာချင်ဘူး"

"ဟမ်!"

ရိပေါ်မျက်စောင်းလေးထိုးရင်း

"ဘာ ဟမ်လဲ  ကိုကိုနဲ့ night outမထွက်ရတာဘယ်လောက်ကြာပြီလဲ  ကိုကိုနော် "

ရှောင်းကျန့်  နှုတ်ခမ်းလေးချွန်ကာရန်တွေ့နေတဲဝမ်ပေါက်စကို   ရင်ခွင်ထဲဆွဲဖက်လိုက်သည်  ၁၈နှစ်သားလေးကအရင်လိုရင်ခွင်မှီအရပ်လေးမဟုတ်တော့ဘူးပဲ 

"ဟုတ်ပါပြီကွာ  ကိုယ်အလုပ်တွေများနေလို့ပါသတိမထားမိဘူး  တောင်းပန်ပါတယ်နော်  ခုတော့ရေသွားချိုးတော့  ကိုယ်တို့နောက်ကျနေမယ်လေ"

"ရေမချိုးတော့ဘူး  အကျီလဲတော့မယ်"

"အင်း  ကိုယ်အကျီရွေးပေးရမလား"

"ဟုတ်"

အကျီရွေးပေးနေတော့  ကလေးပေါက်က ခါးကိုဖက်ရင်း ရှောင်ကျန့်နောက်မှကပ်ပါလာသည် 

"ကလေး နည်းနည်းခွါပါအုန်းကွာ  "

"ဟင့်အင်" 

ရှောင်းကျန့်လည်း  လက်ဖြူဖြူသေးသေးတွေကို  လက်နဲ့ပိုဆွဲကပ်ထားလိုက်သည်။

"အချွဲလေး"

ကလေးပေါက် အအေးမမိစေရေး မကျီထူထူတွေကိုသာရွေးပေးနေသည်။

အပေါ်ဝတ်ကို  ခေါင်းစွပ်အနွေးထည် ဇီးရောင်ပွပွလေးရွေးပေးပြီးတော့

"ကိုကို"

"ဟင်"

"အာ့ ဘောင်းဘီဝတ်မယ်"

ကြည့်လိုက်တော့  အနက်ရောင် ရှော့ပင်တို

"မရဘူး"

"ကိုကိုကလည်း လုပ်ပါနော်"

"ဟင်းး ကိုယ့်ကိုအရင်ဝတ်ပြ  တိုလွန်းရင်မဝတ်ရဘူး"

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now