Sugar & Candy(Part-19)U

7.3K 496 11
                                    

ရာသီတွေသာပြောင်းသွား‌ေပမဲ့အလင်းရောင်ကောင်းကောင်းရတဲ့အခန်းထဲမှာ ကောင်လေးတစ်ယောက်ကတော့ ချစ်ရသူအတွက် သူလုပ်နေကျအလုပ်လေးတွေကို အစဉ်မပျက် လုပ်ပေးနေဆဲပင်။

ရိပေါ်နဖူးပေါ်မှဆံပင်ရှည်လေးတွေကို ဖယ်ပေးရင်း

"ကလေး! ဒီနေ့နေပြင်းတယ် ပင်ပန်းနေပြီလားဟင်"

စကားပြန်မပြောသော်လည်း သူ့ကလေးကြားနိုင်တယ်လေ။ ရေပက်တိုက်ပေးကာ ကလေးကို အကျီလဲပေးနေသည်။

လေမထိနေမထိ ခန္ဓာကိုယ်လေးမှာ နဂိုကပင်ဖွေးအုနေသော်လည်း အခုတော့ ကလေးပေါက်စအသားလေးလိုပင် နုနုညက်ညက်ကလေး ဖျော့နေတဲ့နှုတ်ခမ်းဖူးဖူးလေးကလည်း ခုတော့ ကျန်းမာလာသလိုပင် ပန်းနုရောင်လေးပင်သန်းလို့ နဖူးပြေ‌ေပြလေးကိုအသာလေးဖိနမ်းရင်း

"ကိုယ့်ကလေးလေးကို ဆံပင်ညှပ်ပေးရတော့မယ်ကွာ"

ခဏကြာတော့ ကုမ္ပဏီမှဖုန်းဝင်လာပြီး အရေးကြီးကိစ္စရှိသည်ဆို၍ လီလီ ကိုခေါ်ကာ ရိပေါ်သေချာဂရုစိုက်ရန်မှာပြီး ကုမ္ပဏီကိုသွားရတော့သည်။

လီလီ ငြိမ်ငြိမ်လေးလှဲနေတဲ့ရိပေါ်ကိုကြည့်ရင်း

"အားဝမ် သခင်လေးအရမ်းပင်ပန်းနေပြီ အဆိုးလေးမြန်မြန်နိုးတော့လေ ကျဲတို့လည်း အရမ်းလွမ်းနေပြီ ခုဆိုလေ သခင်လေးက အားဝမ်နေကောင်းရင် စကိတ်စီးဖို့ စကိတ်ကွင်းတောင်ဆောက်ပေးပြီးပြီ သိလား ခုဆိုသခင်လေးအရမ်းပိန်သွားတယ် ပြုံးလည်းမပြုံးတော့ဘူး မြန်မြန်ပြန်လာတော့နော် အဆိုးလေး "

လီလီ မျက်ရည်တွေကိုသုတ်ရင်း နေရောင်အနည်းငယ် ရိပေါ်မျက်နှာလေးပေါ်ကျနေ၍ လိုက်ကာလေးကို ဆွဲပေးကာ ဘေးနားမှာထိုင်ပြီး စကားများပြောနေသည်။

~~~~~~

သိတာပေါ့ ကိုကိုကျွန်တော်ကို စကားပြောပေးနေတာတွေ နွေးထွေးပြီး စိုးရိမ်တဲ့အကြည့်တွေနဲ့ကြည့်နေမဲ့မျက်ဝန်းတွေကို

ပြီးကိုကို့ရဲ့ အနမ်းလေးတွေကိုလည်းခံစားမိတယ် ကျွန်တော်အများကြီးမတောင်းဆိုပါဘူး ကိုကို့မျက်နှာလေးကိုထိတွေ့ချင်တယ် ကိုကိုရင်ခွင်ထဲမှာနေချင်တယ်
မငိုပါနဲ့လို့ပြောပြီး မျက်ရည်တွေကိုသုပ်ပေးချင်တယ်

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now