Sugar & candy (Part-18)U

7.2K 482 27
                                    

ရိပေါ်ကို   ဆေးရုံမှာ၁လအကြာကုသပြီး  အိပ်ပြန်ခေါ်ခဲ့သည်။ကလေးလေးကတော့ ငြိမ်သက်နေဆဲပါပဲ  ရိပေါ်ကိစ္စမှန်သမျှကို  ရှောင်ကျန့်ကိုယ်တိုင်ပင်လုပ်ပေးသည်။

လီလီတို့ကလုပ်ပေးမည်ပြောလည်းမရ။  ကုမ္ပဏီကိုလည်းမသွားသည်ကများသည်။ အလုပ်တွေကို  ငြိမ်ငြိမ်လေးလဲလှဲနေတဲ့ ရိပေါ်ဘေးနားမှာပဲ  လုပ်လေ့ရှိသည်။

နေ့စဥ်   အပြင်ကရာသီဥတု အခြေအနေကိုလည်းပြောပြဖို့ကိုပြောပြဖို့မမေ့။ လက်ကလေးကိုကိုင်ကာ ရိပေါ်မျက်နှာလေးကိုတစ်စိမ့်စိမ့်ကြည့်ပြီး  အသံတိတ်မျက်ရည်ကျတက်နေပြီ။ 

တစ်ခါတစ်ရံ  ကဗျာကလေးတွေ ပုံပြင်ကလေးတွေ ​ဖတ်ပြနေတက်သည်။

အရင်ကရိပေါ်ကြောင့်ပြုံးရွှင်ခဲ့တဲ့နှုတ်ခမ်းလေးလဲ  ပျောက်ကွယ်သွားလေပြီ။ သူ့ကလေးကို စကားပြောနေချိန် ကလွဲရင် တခြားသူအဖို့ မြင်ဖို့ရာခက်ခဲလှသည်။

ရှောင်းကျန့်  ပြတင်းပေါက်မှ အပြင်ကိုငေးကြည့်ရင်း

"အပြင်မှာနှင်းတွေကျနေတယ်သိလား ဒါပြီးရင် နွေးဦးကိုရောက်တော့မယ် ကလေးပေါက်လေးရဲ့"

"ဒေါက် ~ဒေါက်"

"ဝင်ခဲ့"

မျန်မျန် ဝင်လာပြီး မျက်နှာလေးချောင်ကျပြီးမုတ်ဆိတ်မွေးရေးရေးတွေ ပေါက်နေတဲ့ ရှောင်းကျန့်ကိုမြင်တော့ စိတ်မကောင်းလှ 

"ရှောင်းကျန့်  ရိပေါ်အခြေအနေထူးသေးလား?"

ရှောင်ကျန့်ခေါင်းသာ အသာရမ်းပြသည်။

မျန်မျန်သက်ပြင်းချလိုက်ရင်း

"ရှောင်းကျန့်ရယ်  ကိုယ့်ကိုကိုလည်းဂရုစိုက်ပါအုန်းဟယ်ရိပေါ် မကြာခင်ပြန်ကောင်းလာတော့မှာပါ  ဆရာဝန်လည်းပြောထားတယ်လေ အချိန်ယူရမယ်လို့"

"ငါသိပါတယ်ဟာ  ငါရိပေါ်အသံလေးကိုမကြားရတာကြာနေပြီဟ"

ပြောရင်းအသံလေးတိပ်သွားပြီး  မျက်လုံးထဲက မျက်ရည်လေးကလျောကနဲလိမ့်ဆင်းသွားသည်။မျန်မျန်လဲ သက်ပြင်းရှည်တစ်ချက်ချလိုက်မိသည်။

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now