Sugar & Candy (Part-37) Z

5K 201 12
                                    

"ဖြန်း!"

မြှောက်တက်လာတဲ့ လက်နဲ့အတူ ပူသွားတဲ့ပါးတစ်ဖက်
ရှောင်ရင်ရပေမဲ့ ရှောင်စရာလား ???
နောက်မှ ကိုကိုလာနေပြီကို

လဲကျလောက်အောင်အားမပြင်းပေမဲ့
ယိုင်သွားတာကြောင့် ဘေးကစားပွဲကို
လက်ထောက်မိလိုက်တော့မှ စားပွဲကလဲပါလေရော

"ဝုန်း!!!"

"အ!"

ကြောင်ကြည့်နေတဲ့ ရှင်းယိပုခုံးကို တိုက်​ပြီးအနားကိုအပြေးရောက်လာတဲ့ကိုကို

"ရိပေါ်! ကလေး...."

"ကိုကို...ဟင့်!..."

မျက်နှာနုနုထွေးထွေးကလေးပေါ်မှာ
လက်ဝါးရာကနီရဲလို့
ပါးပြင်လေးကိုအသာပွတ်ပေးရင်း ရင်ထဲမကောင်းလှ
ကိုယ်ဒီလေါက်တန်ဖိုးထားရတဲ့ လူသားကိုမှ

ရိပေါ်ကတော့ ရှောင်ကျန့်ရင်ခွင်ထဲမှာ
မျက်နှာလေးဖွတ်ထားသည်။ သူရှက်တယ်ပေါ့

ရိပေါ်ကို အသာထူပြီး မျက်လုံးတွေရဲကာ အံကြိတ်သံနဲ့

"ရှင်းးယွီ"

"မ...မဟုတ်ဘူး....ရှောင်ကျန့်.....ငါ....ငါ...မရည်ရွယ်ပါဘူး.....ငါ...ငါ...."

ပြူးတူးပြာတာ ဖြစ်နေတဲ့ ရှင်းယီ တစ်ခဏလေး
စိတ်လွတ်သွားတာနဲ့ ဘာတြွေဖစ်ကုန်တာလဲ

"မင်းးပါးစပ်ကိုပိတ်ထား.....မင်းနဲ့ ငါ နောက်မှ စာရင်းရှင်းမယ်...ကလေးဘယ်နားနာသွားသေးလဲ"

ရိပေါ်ပုခုံးကို တင်းတင်းဆုပ်ကာ
လည်ပင်းကြောတွေပါထောင်ပြီး
ဒေါသထွက်နေတဲ့ကိုကို က ရိပေါ်ကိုတော့
နူးနူးညံ့ညံ့ကလေးမေးတယ်

"လက်ကောက်ဝတ်က... နည်းနည်းနာတယ်ကိုကို..."

လူတွေလည်း ဝိုင်းလာပြီး တိုးတိုး တိုးတိုးနဲ့
ထုံးစံအတိုင်း မျက်နှာကြီးရာ ဟင်းခွက်ပါဆိုသလိုပဲ
ရှင်းယီကိုပဲ သို့လောသို့လော အကြည့်တွေနဲ့

အနားရောက်လာတဲ့ marryနဲ့ ဖန့်ဖန့်

"zhan ge ; yibo ge လူတွေဝိုင်းနေပြီ အနောက်က guest houseထဲ ခဏလောက်ဝင်နေပါလား ? ကျွန်တော်စီစဉ်လိုက်မယ်"

ရှောင်ကျန့် ခေါင်းညိမ့်ပြကာ ရှင်းယီကို စူးစူးစိုက်စိုက်ကြည့်ပြီး

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now