ရှောင်ကျန့် ရိပေါ်ကိုအတော်ချော့နေရသည် ပြန်လဲပေး
မည်ဆိုတော့လည်းမရ အသစ်ဝယ်ပေးမည်ဆိုတော့
လည်း မလိုဘူးဆိုပဲ"ကလေးကလည်း စိတ်မဆိုးပါနဲ့ကွာ ညခါကျရင်ရှီးချန်တို့ကို ကလေးမွေးနေ့ညစာဝယ်ကျွေးမယ်လို့ ပြောထားတယ် ကိုယ်တို့ အပြင်သွားကျမယ်နော်"
"ညစာစားပြီးရင် အိမ်တန်းပြန်မလာချင်ဘူး"
"ဟမ်!"
ရိပေါ်မျက်စောင်းလေးထိုးရင်း
"ဘာ ဟမ်လဲ ကိုကိုနဲ့ night outမထွက်ရတာဘယ်လောက်ကြာပြီလဲ ကိုကိုနော် "
ရှောင်ကျန့် နှုတ်ခမ်းလေးချွန်ကာရန်တွေ့နေတဲ့ကလေးလေးကို ရင်ခွင်ထဲဆွဲဖက်လိုက်သည် ၁၈နှစ်သားလေးကအရင်လိုရင်ခွင်မှီအရပ်လေးမဟုတ်တော့
"ဟုတ်ပါပြီကွာ ကိုယ်အလုပ်တွေများနေလို့ပါသတိမထားမိဘူး တောင်းပန်ပါတယ်နော် ခုတော့ရေသွားချိုးတော့ ကိုယ်တို့နောက်ကျနေမယ်"
"ရေမချိုးတော့ဘူး အကျီလဲတော့မယ်"
"အင်းပါ ကိုယ်အကျီရွေးပေးမယ်"
"ဟုတ်"
ရှောင်ကျန့် ရိပေါ်အဝတ်ဘီရိုထဲက အကျီရွေးပေးနေတုန်း နောက်မှ ကလေးလေးက ခါးကိုဖက်ရင်း ရှောင်ကျန့်နောက်မှကပ်ပါလာသည်
"ကလေး နည်းနည်းခွါပါအုန်းကွာ "
"ဟင့်အင်" {တစ်ခွန်းဆိုတစ်ခွန်းဘဲ 🤣}
ရှောင်ကျန့်လည်း လက်ဖြူဖြူသေးသေးတွေကို လက်နဲ့ပိုဆွဲကပ်ထားလိုက်သည်
တကယ်လည်းချွဲတက်တဲ့ကလေးလေး
ရှောင်ကျန့်အကျီထူထူလေးတွေကိုသာရွေးပေးနေသည် ကလေး အအေးမိလို့မဖြစ်ဘူးလေ
အပေါ်ဝတ်ကို ခေါင်းစွပ်အနွေးထည် ဇီးရောင်ပွပွလေးရွေးပေးပြီးတော့
"ကိုကို"
"ဟင်"
"အာ့ ဘောင်းဘီဝတ်မယ်"
ကြည့်လိုက်တော့ အနက်ရောင် ရှော့ပင်တိုတိုလေး
"မရဘူး"
YOU ARE READING
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)