Sugar & Candy(part -43)U

4.4K 327 17
                                    

"ကျဲ...ကမ်းနားက...
ကျောက်ပုဇွန်သွားဝယ်ပေးပါလား..."

"အားဝမ်စားချင်လို့လား..
ဝယ်ပြီးရင်... ပေါင်းထားလိုက်မယ်လေ..."

"ရတယ်ကျဲ...ဝယ်ပဲပေး...ကိုကိုစားချင်နေလို့...ကျွန်တော့်ဘာသာလုပ်ပေးလိုက်မယ်..."

"ဟုတ်ပါပြီ...ကျဲသွားလိုက်မယ်..."

ကိုကိုက အဖွားအခန်းထဲမှာ ရိပေါ်ကိုရှောင်နေတာ
လက်ဖက်ရည် အိုးလေးယူပြီး

"ဖွားဖွား...သားဝင်ခဲ့မယ်နော်..."

"အားဝမ်လာ...အားကျန့်က...
ကျွန်းမှာ...မင်္ဂလာပွဲလေးလုပ်ချင်လို့တဲ့..."

မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့
ကိုကို့ကိုလှန်းကြည့်တော့ခေါင်းလေးညိမ့်ပြသည်။

"ကိုကိုက ...ရိပေါ်ကိုကျဘာမှပြောမထားဘူး..."

"ကိုယ်ကခုမှ...ဖွားနဲ့စကားပြောရင်းစိတ်ကူးရသွားလို့ပါ..."

"အင်းပါ...ကိုကို့သဘောပါပဲ"

"ကဲ...အ့ဆို အားကျန့်နဲ့နှစ်ယောက်သား...
ရွာထဲသွားပြီး...ကိုယ်တိုင်ဖိတ်ချေတော့..."

"ဟုတ်ဖွား..."

ရိပေါ် အိမ်ပြင်ထွက်လာတော့ ကိုကိုက ပါမလာပဲ....အခန်းထဲဝင်သွားတယ်...

"ကိုကို...သွားမယ်လေ..."

ရိပေါ် အကျီလက်ရှည်လေးကိုင်ပြီးထွက်လာတဲ့ကိုကိုအကျီဝတ်ပေးကာ ဇစ်ကို သေချာဆွဲပေးရင်း
ရိပေါ်နှာခေါင်းလုံးလုံးလေးကို နမ်းသွားတယ်

*ကိုကိုက စိတ်ဆိုးနေတာမဟုတ်ဘူးလား???*

ခြေလှမ်းကြဲကြီးတွေနဲ့ ခြံထဲကထွက်သွားတဲ့
ကိုကို့နောက်ကို မှီအောင်ပြေးလိုက်ရင်း

အနားရောက်တော့ လက်မောင်းကိုလှန်းဆွဲလိုက်တော့ဘာလဲဆိုတဲ့သဘောနဲ့ ငုံကြည့်တယ်

"ကလေးကို...စိတ်ဆိုးပြေပြီလား...?"

"ကိုယ်က ...ဘာလို့ကလေးကိုစိတ်ဆိုးရမှာလဲ"

"ဟို...စောစောက...ပြောတဲ့ ကိစ္စလေ"

လက်မောင်းက အကျီစလေးကိုဆွဲပြီးမျက်လုံးလေးလှန်ကြည့်ကာ ပြောနေတဲ့ ကလေးက ...တကယ့်ကိုနူးနူးညံ့ညံ့လေး...

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now