Sugar & Candy (Part-7)U

10.2K 579 9
                                    

မနက်ခင်း နေရောင်ခြည်နွေးနွေးနဲ့အတူ နိုးလာပြီး
ညာဘက်လက်မောင်းတစ်ခုလုံးထုံကျင်နေသည်။

လက်မောင်းပေါ်က ခေါင်းသေးသေးလေးကို ငုံ့နမ်းကာမျက်နှာသေးသေးဖွေးဖွေးလေးနဲ့ ကောင်လေးကိုအပေါ်စီးကနေ ကြည့်ရင်း အဝနမ်းပြီးမှ

"ကလေး "

"အင်"

ရိပေါ်မျက်လုံးပင်မဖွင့် ရှောင်းကျန့်ခါးကိုဖက်ကာ
ကြောင်ပေါက်လေးလိုရင်ခွင်ထဲခေါင်းတိုးပြီး ထပ်အိပ်သည်။

"ကလေးလေး...ထတော့လေကွာ "

"ကျွန်တော် ထပ်အိပ်ချင်သေးတယ်"

"ဒါဆိုလည်း ကိုယ့်ကိုလွတ်ပေးအုန်းနော်
အလုပ်နောက်ကျတော့မယ်"

ထိုမှခါးကိုလွှတ်ပေးပြီး မျက်စေ့တွေကိုပွတ်သပ်ပြီး ကုန်းထနေသည်။ မျက်စေ့တွေကိုအတင်းပွတ်နေတာမို့ လက်ကိုလှမ်းဆွဲရင်း

"ကလေးပဲ အိပ်ချင်သေးတယ်ဆို...အိပ်လေကွာ"

"မအိပ်တော့ဘူး ကိုကိုနဲ့အတူတူ မနက်စာစားမလို့"

အလိုက်သိတဲ့ ကလေးကြောင့် ကြည်နူးမိတာအမှန်

"ကိုယ့်ကလေးလေးက သိတက်လိုက်တာ..."

"အ့ဆိုမျက်နှာသစ်ဖို့ အခန်းထဲပြန်တော့မယ်"

"ဟင့်အင် ကိုယ့်နဲ့အတူတူသစ် "

"သွားတိုက်ဖို့မပါဘူးလေ"

"အပိုရှိတယ် လာ"

မှန်မှာမြင်နေရတဲ့နှုတ်ခမ်းလုံးလေးက
သိသိသာသာထူအမ်းနေသည်။ဘေးကသွားတိုက်နေတဲ့ရှောင်းကျန့်ကိုမျက်စောင်းထိုးရင်း

"ကို ကို"

"ဟင်!"

ထူအမ်းအမ်းနှုတ်ခမ်းကို လက်ညိုးထိုးပြကာ

"ကြည့်အုန်း ကိုကိုမကောင်းဘူး"

ရှောင်းကျန့် နှုတ်ခမ်းလေးကို သေချာငုံ့ကြည့်လိုက်တော့ဟုတ်ပါရဲ့ နှုတ်ခမ်းလုံးလေးကရှိရင်းစွဲထက်ထူပြီးရဲနေလေရဲ့ ဆူဆူပုတ်ပုတ်လေး သူ့ကိုကြည့်နေတဲ့ ရိပေါ်ကြောင့် ရယ်ချင်စိတ်ကိုမထိန်းနိုင်

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now