Sugar & Candy(part-46)U

4.9K 311 38
                                    

"ရှီးချန်...အဆင်ပြေပါ့မလားကွာ..."

ရှေ့ကပြာယာခတ်နေတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး

"အ​ဆင်ပြေမှာပါကွ..."

"ဝင်သွားတာကြာနေပြီ...ဟင်းး..."

"နာရီဝက်ပဲရှိသေးတာပါ...
ဒီလေါက်တော့ကြာတယ်မခေါ်သေးပါဘူးကွာ...
စိတ်ကိုလျော့ပါ...ရှောင်းကျန့်ရာ..."

ဆေးစစ်ရမယ်ဆိုပြီး  ခေါ်သွားတာ 
ကိုယ်တိုင်လည်းလိုက်သွားလို့မရတာကြောင့်
မသိတဲ့သူတွေကြားထဲ ကလေးများကြောက်နေမလား
တွေးရင်းကတစ်ပူ ဆေးစစ်ချက်ထွက်လာရင်လည်း
ကိုယ်ဝန်ဆောင်ဖို့  အောင်မြင်မှာလည်းဆိုးရိမ်တယ်
အဆိုးလေးကို  လိုက်ရောမိပေမဲ့မသိစိတ်က 
ကိုယ်ဝန်မဆောင်ရစေဖို့ဆုတောင်းမိတာအမှန်

ကလေးရယ်ကိုယ်ရယ်ရှိတဲ့ ကမ္ဘာလေးက
ပြည့်စုံတာထက်ပိုတယ်ဆိုတာ ကလေးမသိဘူး။

အတွေးတွေနဲ့ပျာယာခက်နေတာက ကုမ္ပဏီကြီး
တစ်ခုလုံးကို  ငယ်ငယ်ရွယ်ရွယ်နဲ့မျက်နှာတစ်ချက်မပျက်ပဲ ဦးဆောင်နိုင်တဲ့သူပါလို့  ပြောရင်ယုံဖွယ်ရာပင်မရှိချေ။

ခေါင်းငိုက်စိုက်ကျနေတဲ့  ရှောင်းကျန့်ကိုလက်တို့လိုက်ပြီး

"ဟောဟော...ထွက်လာပြီ..."

"ကလေး..."

အနားရောက်အောင်တောင်မစောင့်နိုင်  ရိပေါ်စီအပြေးသွားပြီး  လက်ကလေးကိုအုပ်ကိုင်လိုက်ရင်ပဲ  အေးစက်စက်အထိအတွေ့

နွေးသွားအောင်ဆုပ်ကိုင်ရင်း 

"ကလေး...နေရတာအဆင်ပြေရဲ့လား..."

စိုးရိမ်နေတဲ့  ကိုကို့မျက်နှာကို စေ့စေ့ကြည့်ရင်း

"ပြေပါတယ်ကိုကိုရဲ့...အရမ်းစိုးရိမ်မနေနဲ့နော်..."

လက်ကိုနွေးအောင်လုပ်ပေးနေတဲ့
ကိုကို့လက်တွေလည်း အေးစက်နေတာပါပဲ။

အနည်းငယ်ကြာတော့

"ရှောင်းကျန့် ...ရိပေါ်...လာ...စီနီယာခေါ်နေပြီ..."

__________

"ဆေးစစ်ချက်က...တော်တော်လေးအဆင်ပြေပါတယ်..."

Sugar man & Canday Boy{Unicode & Zawgyi}CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ