Sugar&Candy(Part-59)U

4.5K 296 50
                                    


"ရိကျန့်..."

"ဘူး....ဖူးး..."

"တစ်ဇွန်းပဲစားပါကွာ...တစ်ဇွန်းပဲ..."

"ဖူးး...အဲ့..."

၁၄လသားရိကျန့်ကို
ကျန်းချန် ဖြည့်စွက်စာကျွေးနေရသည်။

ကျွန်းကနေတက်လာပြီး ကုမ္ပဏီကြီးမှာ
လက်ထောက်မန်နေဂျာအလုပ်ရတယ်ဆိုပြီး
ဂုဏ်ဆာနေခဲ့သမျှ ရိပေါ်က ရိကျန့်လေးက ကျန်းချန်ကောနဲ့မှ နေတယ်ဆိုတာတဲ့ဆိုစကားကြောင့်

မန်နေဂျာကနေ ကလေးထိန်းဘဝကို
ဂုတ်ကဆွဲချလိုက်တဲ့ceo

စောက်ကလေးကလည်း ဖအေတွေနဲ့ကျလိမ်မာသလောက်အကြောတင်းလေး

"ရိကျန့်လေး...ဒါကုန်မှ...ပါးပါးတို့က...
ပြန်လာမှာနော်..."

လက်ထဲက အရုပ်လေးကို ကြမ်းပြင်နဲ့ရိုက်ရင်း

"ပါ့...ပါ့..."

"အင်း...ပြန်လာတော့မှာတဲ့စားနော်..."

ဖင်လေးတရွတ်ဆွဲပြီး ဟိုဘက်လည့်သွားပြန်လေရဲ့
အကောက်ကလေး

"ပါ့...ပါ့...ဒယ်...ဒယ်...အင့်...ဟင့်...
ဝါးးး..."

အစကမေ့နေတာကို ကိုယ်ပြောမှ သတိရလာသည့်ထင် ပြဲနေအောင်ငိုတော့သည်။

စေ့ခနဲကောက်ပွေ့ရင်း

"လီလီရေ...လီလီ...လုပ်အုန်းဟ...
ယူခဲ့အုန်း..."

လီလီလည်းရိကျန့်ငိုသံကြားတာနဲ့ အ​ကြွေစေ့တွေထည့်ထားတဲ့အိတ်ကလေး ယူပြီးအပြေးလာရသည်။

လီလီကဘေးကနေ တချွင်ချွင်အသံမြည်အောင်လုပ်ပြရင်း

"ရိကျန့်ရေ...ဒီမယ်...ဒီမယ်..."

ပြဲလန်နေအောင်ငိုနေရာကနေ ငွေသံကြားတာနှင့်

"အဲ့...အဲ...အဲ..."

လက်တိုတိုတုတ်တုတ်လေးတွေက လှမ်းယူနေတာနဲ့ ပေးလိုက်တော့

အိတ်လေးကို သူ့ဘာသာလုပ်ပြီး

"အီးးး...အဲ...အဲ့...ခိ..."

စောစောက ငိုနေတဲ့သူက ဘယ်သူတုန်းမေးရလောက်အောင် ငွေအိတ်ထဲကအသံကြားတာနဲ့ ရိကျန့် တိခနဲရပ်တက်သည်။

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now