Sugar & candy (Part-17)U

7.4K 475 2
                                    

"ကိုကို""

"ကျွန်တော့်ကိုကြည့်ပါအုန်း ကိုကိုရေ  "

ရှောင်းကျန့် မျက်လုံးကိုအတင်းပွတ်ကြည့်လိုက်တော့ အကျီအဖြူရောင်လေး နဲ့   မျက်လုံးလေးမှေးနေအောင်ပြုံးပြနေတဲ့ကလေးလေး ဟုတ်တယ် ကျွန်တော် ကလေးလေး

လက်လေးကိုလှန်းဆွဲမယ်လုပ်တော့  ပြေးထွက်သွားတဲ့သူလေး

"ကလေး  ဘယ်သွားမလို့လဲရိပေါ် "

ရိပေါ် သူ့ကိုပြုံးပြုံးလေးလှည့်ကြည့်ရင်း ဆက်ပြေးသွားတယ်

ရှောင်းကျန့်   မျက်ရည်​တွေစီးကျနေရင်းက

"ကလေး ! ကိုယ်စီပြန်လာပါကွာ"

" ရိပေါ်  ကိုယ်ပြောနေတယ်လေ ကလေး"

ရှေ့ကပြေးသွားတဲ့ အဖြူရောင်ပုံရိပ်လေး မှေးမိန်ပြီးပျောက်သွားသည်ထိ ရှောင်းကျန့် အဆက်မပျက်တားနေမိသည်။

၄နာရီကြာသတိမေ့နေတဲ့  ရှောင်းကျန့်  မျက်လုံးထောင့်လေးမှာလည်း  မျက်ရေတွေစီးကျနေရဲ့

"ကလေး!"

ရှောင်းကျန့်လှဲနေရမှ အတင်းထလိုက်ရင်ပဲ  ရှီးချန်ရောက်လာပြီး

"ရှောင်းကျန့် ! သတိထားအုန်း"

"ရှီးချန်  ကလေးရော ကလေးရော"

အတင်းရုန်းနေတဲ့ ရှောင်းကျန့်ကို ထိန်းရင်း

"ရိပေါ်  အရေးပေါ်ခန်းကထွက်လာပြီ "

"အာ့ဆို ကလေးစီသွားမယ် ဖယ်ကွာ"

"သွားလို့မရသေးဘူး  သူပိုးသတ်ခန်း ထဲမှာ နေရအုန်းမယ်"

"ကလေး အခြေအနေရော "

ရှီးချန်မျက်နှာပျက်သွားရင်း

"ရှီးချန်  ကလေးအခြေအနေရောလို့"

" ဒဏ်ရာကပြင်းတယ်  အာရုံကြောကိုတော်တော်ထိသွားတာလို့ပဲပြောသွားတယ် သေချာမသိရသေးဘူး"

ရှောင်းကျန့် စီးကျနေတဲ့မျက်ရည်တွေကို အတင်းသုတ်ရင်း

"ကလေးငါ့စီကထွက်မသွားရင်ပဲ  ငါခံနိုင်ရည်ရှိပါတယ်ကွာ ငါကလေးကိုတွေ့ချင်တယ် "

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now