Sugar & Candy (Part-26)U

6.8K 388 11
                                    

ညက  ဧည့်သည်တွေနဲ့မိတ်ဆက်ပေးနေရာက
ညနက်သွားတာမို့  ကလေးပေါက်လေး တရှုးရှုးနဲ့ အိပ်မောကျနေလေရဲ့ ပါးဖောင်းဖောင်းလေးနစ်ဝင်အောင်ထိနမ်းရင်း

"အသည်းပေါက် မျက်လုံးလေးအစ်နေတော့မယ်ထင်ပါ့ကွာ "

ပါးဖောင်းလေးကို အသည်းယားပြီးဆွဲမိပြန်တော့

"အင်....ကိုကို"

အကျီကိုဆွဲပြီး  ရင်ခွင်ထဲပိုတိုးလာတဲ့ အကောင်ပေါက်လေး  ခါးလေးကို တင်းနေအောင်ပြန်ဖက်လိုက်ရင်း

"ချွဲလိုက်တာကွာ"

ရင်ခွင်ထဲက မျက်စောင်းကလေးနဲ့ မော့လာပြီး

"ဘာဖြစ်လဲ ကိုကိုမကြိုက်ဘူးလား"

"အင်း"

"ဘာ!"

ရိပေါ်နှာခေါင်းလေးကို ဆွဲကာ ညှစ်လိုက်ရင်း

"မကြိုက်ဘူး  ချစ်တာလေကွာ ကလေးလေးကို"

"ဟီးး..."

"မျက်နှာသစ်တော့ ကိုယ်မနက်စာပြင်ပေးထားမယ်"

"ဟုတ်"

"လိမ္မာတယ် "

"ကိုကို့ ကလေးပဲ"

ကိုကို့ရဲ့နှုတ်‌ေခါင်းချွန်ချွန်ကို ပြွတ်ခနဲနေအောင် နမ်းပြီး‌ရေချိုးခန်းထဲပြေးလေတော့

"ကိုယ့် ကိုအသည်းယားအောင်မလုပ်နဲ့နော်အချစ်ရေ"

ရှောင်းကျန့် မနက်စာပြင်ပြီးသည်ထိ ကလေးပေါက်က ရေချိုးခန်းထဲကထွက်မလာသေး

ရေချိုးခန်းတံခါးကိုခေါက်လိုက်ရင်း

"ကလေးရေ ကြာနေပြီနော် "

"ပြီးပြီ ကိုကို! ခဏ"

အောက်ပိုင်းကို ပုဝါ ပတ်ပြီးထွက်လာတဲ့သူလေးကို မျက်နှာသုတ်စောင်လေးခြုံပေးရင်း

"အအေးမိနေမယ် ကလေးရယ် ဘာလို့ရေချိုးတာလဲ"

"မနေ့ထဲက လူကပင်ပန်းသလိုဖြစ်ပြီး ခေါင်းနည်းနည်းနောက် နေလို့ပါကိုကိုရဲ့ "

မှန်တင်ခုံရှေ့မှာထိုင်စေကာ  ခေါင်းကိုသုတ်ပေးနေရင်းက ပြာကရာ နဖူးလေးကိုစမ်းကာ

Sugar man & Canday Boy{Unicode & Zawgyi}CompleteDove le storie prendono vita. Scoprilo ora