Sugar & Candy (Part-31)U

6.2K 327 18
                                    

မှန်တံခါးကိုဝင်တိုက်ပြီးရန်ရှာနေတဲ့ ငှက်ကလေး

ရင်ခွင်ထဲက နီစွေးစွေးအကောင်ပေါက်လေးမနိုးအောင် အသာထရင်း  မှန်နားသွားရပ်လိုက်တော့
ငှက်ကလေးလဲ  လန့်ပြီးအဝေးပြန်သွားလေရဲ့

နေပြောက်ပင် အထိုးမခံနိုင်လို့လိုက်ကာတွေကို ဆွဲပိတ်လိုက်သည်။

စောင်ဖြူဖြူထဲမှာလုံးနေတဲ့ ကောင်လေးရဲ့ နဖူးပြေပြေပေါ်က ဆံပင်လေးကိုသပ်ကာ  ငုံနမ်းလိုက်တော့

လူးလွင့်လာပြီး  အသံအက်အက်ကလေးနဲ့ 

"ကိုကို~"

"ထပ်အိပ်အုန်းကလေး"

မျက်လုံးလေးစင်းကာ စောင်ထဲပြန်တိုးသွားလေရဲ့
လှုပ်လိုက်တိုင်းနာတယ်ဆိုပြီး  တအိအိငိုနေတော့‌ေတာ်‌ေတာ်ကြာမှ  အိပ်ပျော်သွားသည်လေ။

မနေ့ညက  ရေချိုးခန်းထဲမှာပါအသံစစ်ထားလေတော့  အသံနာနေရှာပြီ။

အစာမာကျွေးလို့မရတော့ ကြက်ပေါင်းရည်ဆန်ပြုပ်ပြင်ပြီး  သံပုရာသီးရေကျက်ခံထားလိုက်သည်။

စားဖို့ရာအတွက်ပြင်ပြီးတော့ ရေချိုးခန်းထဲသွားကာ
ရေစပ်နေရင်း  မနေ့ညက အကြောင်းတွေးမိတော့
ရှောင်းလူကြီးမျက်နှာက ပြုံးစစကိုဖြစ်လို့။

အားလုံးပြင်ပြီးတော့ ၁၁နာရီ  
နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ ကလေးကိုမနိုးတော့ပဲ

အောက်ထပ်ပြန်ဆင်းကာ ကော်ဖီသောက်ရင်းအတွင်းရေးမှူးပို့ထားတဲ့mail  တွေကိုစစ်နေလိုက်သည်။

နှစ်လလောက်နေမယ် လို့ ဆုံးဖြတ်ထားပေမဲ့  တစ်လပင်မရှိသေး  အလုပ်တွေက စုနေလေပြီ။

မတက်နိုင် ကျင်စဦးအချိန်လေးကို  ကလေးနားမှာပဲနေပေးချင်သည်။

"ကိုကို~"

"......."

လည်ချောင်းက စပ်ပြီးနာနေတာမို့ 
အသံက ကျယ်ကျယ်မထွက်နိုင်   

ထလိုက်တော့  ခါးကကျင်ခနဲ တစ်ကိုယ်လုံး ရိုက်ထားသလိုပင် ထလည်းမရ ခေါ်လည်းမရတော့   ဝမ်းနည်းစိတ်တို့ဝင်လာခါမျက်ရည်တွေကအိခနဲ

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now