Sugar & Candy (Part- 2) Z

6.2K 319 0
                                    

နေရောင်စူးစူးလေး မျက်နှာပေါ်ကျလာသည်နှင့်

ရိပေါ် အိပ်ယာမှလွင့်လူးp အိပ်ချင်မူးတူးဖြင့် ငုတ်တုပ်ထိုင်နေသည်

နောက်မှ ရှောင်ကျန့်ကိုသတိရပြီး

"ဟင် ကျန့်ကျန့် ဘယ်ရောက်သွားပါလိမ့်"

"ဖွားဖွားရေ / ကျန့်ကျန့်ရော"

"ခုမှ နိုးရလား အားဝမ် ​ မြေးကိုကိုက အိမ်ရှေ့မှာရှိပါ့"

စကားတောင်မဆုံးသေး လူက အိမ်ပြင်ကိုပင်ရောက်သွားသည်

အိမ်ရှေ့ ချယ်ရီပင်အောက်ကခုံလေးပေါ်တွင် လက်တစ်ဖက်က ခါးကိုထောက်ကို ဖုန်းပြောနေသော ရှောင်ကျန့် shirt အကျီ အဖြူရောင်လေးနှင့် နေရောင်လေး
ဖြာကျနေသော မျက်နှာလေးက ပြုံးလိုက်တည်လိုက်နှင့်

ရိပေါ် မျက်စေ့တွေ ဘလင်းဘလင်းဖြစ်ကာ ဘယ်လောက်ကြာကြာငေးနေမိသည်မသိ ရှောင်ကျန့်ဖုန်းပြောပြီး သူ့ကိုငေးနေသောကလေးကိုတွေ့တော့ ရိပေါ်နားကိုလျှောက်လာရင်း

"ကလေး နိုးလာပြီလား "

ဝမ်ရိပေါ် မုန့်ခိုးစားတာ လူမိသကဲ့သို့

"အွင်း နိုး နိုးနေတာကြာပေါ့ "

ရှောင်ကျန့်လည်း ကလေးလေးကိုစချင်လာသည်နှင့်

"ဟုတ်လား ! ကော မျက်နှာမှာ တစ်ခုခုပေနေလား?"

ရိပေါ် သေချာကြည့်ရင်း

"ဟင့်အင် ပေပါဘူး ကျန့်ကျန့် ရဲ့ "

"မသိပါဘူး စောစောကကောင်လေးတစ်ယောက် ကောမျက်နှာကိုသေချာစိုက်ကြည့်နေလို့ တစ်ခုခုများပေနေလားလို့"

ရိပေါ် ပါးလေးတွေရဲတက်သွားရင်း

"ဟာ ကျန့်ကျန့်နော် ကျွန် ကျွန်တော် မျက်နှာသစ်သွားတော့မယ် "

ရှက်ရမ်းရမ်းp လှစ်ခနဲ အိမ်ထဲဝင်ပြေးသွားသောကောင်လေးနောက်ကြောကို ကြည့်ရင်း ရှောင်ကျန့် ပြုံးနေမိသည်

"ကလေး တောင်အရွယ်ရောက်လာပေါ့ကို "

ထို့နောက် မနက်စာပါစားပြီးသည်နှင့်

Sugar man & Canday Boy{Unicode & Zawgyi}CompleteOnde histórias criam vida. Descubra agora