Sugar & Candy (Part-21) Z

7.3K 254 8
                                    

two weeks later..

ရှောင်ကျန့် ကုပ္မဏီမှာရုံးမထိုင်သည်မှာ အတော်ကြာနေပြီ ကြာဆို ရိပေါ် မတော်တဆဖြစ်ပြီးထဲကပဲ

ရိပေါ်လည်း လမ်းလျှောက်ကျင့်နေပြီ။

~~~တီတီ~~~တီ~~

"ကိုကို ဖုန်းလာနေတယ်"

ရေချိုးခန်းထဲဝင်နေတဲ့ ရှောင်ကျန့်မကြား ဖုန်းကလည်းအဆက်မပျက်မြည်နေတာမို့ ရိပေါ် ခုတင်ပေါ်မှ အားယူထကာ ရှောင်ကျန့် အလုပ်စားပွဲစီကို ဖြည်းဖြည်းချင်းသွားကာ ဖုန်းကိုင်လိုက်ရင်း

"ဟဲလို"
."........"

"ကိုကို အယ် ကျန့်ကျန့်မဟုတ်ဘူး ကျန့်ကျန့်မအားလို့ ဘာပြောလိုက်ရမလဲဟင်?"

"..........."

"ဟုတ် ​ဟုတ်"

ရိပေါ် ဖုန်းပြောပြီး ခုတင်နားပြန်မယ်လုပ်တော့ မတ်တက်ရပ်တာနည်းနည်းကြာ၍ ခြေထောက်ခွေပြီး လဲကျမည် အပြု ရှောင်ကျန့်အပြေးလေးထိန်းပြေးလိုက်သည်။

"ဟီးး ကိုကို"

"အွင်းးးခုတင်ပေါ်ပဲနေလို့ ကိုယ်မပြောခဲ့ဘူးလား?"

ဒေါသသံမပါသော်လည်း မျက်ခုံးများတွန့်နေသောကြောင့် ရိပေါ် နှုတ်ခမ်းလေးဆူရင်း

"ကိုကို့ဖုန်းလာနေတာကိုလို့ ကိုကို့ကိုခေါ်သားပဲ "

"လာတော့ဘာဖြစ်လဲ ရိပေါ်ရဲ့ စောစောကကိုယ်သာထိန်းမပေးရင် ရိပေါ်လဲတော့မှာ"

"လဲလဲပေါ့ လဲလည်းနာမှာကျလို့အောက်မှာ တစ်တောင်လောက်ထူတဲ့ မွှေးပွတွေရှိတာပဲ ကိုကိုနော် ဖုန်းကအရေးကြီးမယ်ထင်လို့ကိုင်လိုက်တာကို"

ရိပေါ်​ လမ်းစလျှောက်ကျင့်ကထဲက ရှောင်ကျန့်မွေးပွကော်ဇော အထူကြီးများကို ရေချိုးခန်းမှလွဲ၍ အခန်းအပြည့်ထည့်ထားသည် ။ ရိပေါ်ထိုကော်ဇောပေါ်လဲကျယုံမပြောနှင့် ခုတင်ပေါ်မှာ ခုန်ချကြည့်ရင်တောင် အိခနဲဝင်သွားအုန်းမည်။

ရှောင်ကျန့်လည်း ရိပေါ် ဆံပင်ထိပ်လေးကို စည်းပေးကာ နဖူးပြေပြကေိုငုံ့နမ်းရင်း

"ကိုယ်က ကလေးနဲ့ပတ်သက်ရင် စိတ်ပူတက်တာသိသားနဲ့ ကလေးလောက်ဘာမှအရေးမကြီးဘူး နှုတ်ခမ်းလေးကိုဆူမနေနဲ့တော့နော် ကိုယ်အူယားလာပြီ"

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now