Sugar & Candy (Part-4)U

11.1K 639 9
                                    

နှုတ်ခမ်းလေးစူစူနဲ့  ရှောင်းကျန့်အခန်းထဲ ပြန်သွားရင်း

"ပြန်လာမှတွေ့မယ်ကျန့်ကျန့်  ဟွန့်!"

မျက်လုံးကိုလည်း ရှောင်ကျန့်အခန်းထဲဝေ့ကြည့်နေမိသည်။

"ကျန့်ကျန့်က ငယ်ငယ်တုန်းကအတိုင်းပဲ 
အခန်းက သန့်ပျံ့နေရော"

ထိုစဥ် ဗိုက်ကလည်း  အသံပေးလာရာ  ဗိုက်ကိုအသာပုတ်လိုက်ရင်း

"ငြိမ်ငြိမ်စမ်းကွာ  သိက္ခာလေးဆယ်ရအူးမယ် ဟင်းးး
ဖွားဖွားကို လွမ်းလိုက်တာ... "

ရိပေါ်  ပျင်းပျင်းနဲ့ပဲမျက်နှာသစ် ရေချိုးလိုက်သည်။

"ဝမ်သခင်လေး....ဝမ်သခင်လေး..."

"ဘယ်သူလဲ?"

"ကျွန်မ လီလီပါ မနက်စာစားရအောင် ဆင်းခဲ့ပါနော်"

"မစားဘူးဆို မစားဘူး"

"ဝမ်သခင်လေးမစားရင် သခင်လေးပြန်လာရင်
ကျွန်မတို့ အဆူခံရမှာမလို့ပါ စားလှည့်ပါနော်"

ရိပေါ်  ဆာနေတဲ့ဗိုက်ကလေးကို  အသာဖိရင်း

"အ့ဆိုလည်း....  လီလီကျဲ ​တို့အဆူမခံရအောင်စားပေးမယ်သားဆာလို့  မဟုတ်ဘူးနော်..."

"ဟုတ်ကဲ့...ဝမ်သခင်လေး  "

ရိပေါ်တံခါးကိုဖွင့်ရင်း

"လာ...သွားမယ်"

ရှေ့မှလှေကားကို  ခုန်စွစွနှင့် ပြေးဆင်းသွား၍  လီလီမှာ အပြေးလိုက် နေရသည်။ 

ထမင်းစားရင်းက

"လီလီကျဲ"

"ဟုတ်ကဲ့"

"ကျန့်ကျန့်ကဘယ်ချိန် ပြန်လာမာလဲ?"

"ကျန့်ကျန့်....အော် သခင်လေးကပုံမှန်ဆို ညနေ
၄နာရီပြန်လာပါတယ် ဝမ်သခင်လေး ဒီနေ့တော့စောစော
လာပြန်လာမယ်လို့ပြောပါတယ်"

"ဟင်းး ကျန့်ကျန့်ပြန်လာရင် သားနေ့လည်စာစားတယ်လို့မပြောနဲ့နော်"

"ရှင်! ဟုတ်ဟုတ်...ဝမ်သခင်လေး"

ရိပေါ်  မျက်မှောင်ကျုံရင်း

"လီလီကျဲ  "

"ရှင်"

"ကျဲ  ကသားထက် အသက်ကြီးတာပဲ ဒီလောက်ကြီးရိုသေမနေပါနဲ့  နောက်ပြီး ဝမ်သခင်လေးလို့လည်းမခေါ်နဲ့"

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now