"ကိုကို..."
"ကလေး..."
baby carrier လေးလွယ်ပြီးရုံးခန်းထဲ
ရောက်ချလာတဲ့ကလေးပေါက်။အလုပ်လုပ်နေရာကနေထပြီး
"ရိကျန့်လေးကို ကိုယ့်ကိုပေး...
လေးနေမယ်...""ရတယ်ကိုကို...
စောစောကမှ အိပ်သွားတာ...
ကာကွယ်ဆေးထိုးပြီးကထဲက ဂျီနေတာ...
လက်ပြောင်းရင်နိုးသွားမယ်...""ဆေးထိုးတုန်းကရော ငိုသေးလား..."
"ကိုကို့သားက သတ္တိခဲပါ...
ငိုလိုက်တာမှ ပြဲလို့..."ရိပေါ်က စသလိုလိုနဲ့ပြောပေမဲ့
"ဟုတ်လား...
တကယ်ဆိုကိုယ်လည်းလိုက်ခဲ့သင့်တာကို...
ခုတော့ ကလေးတစ်ယောက်ထဲ ပင်ပန်းနေပြီ...""ကိုကိုမလိုက်ချင်လို့မှ မဟုတ်ပဲ...
နောက်ပြီး ဒီလေါက်လေးနဲ့တော့
ကျွန်တော်က ပင်ပန်းမလား...?""ကိုယ့် ခင်ပွန်းလေး အကြမ်းခံမှန်း
ကိုယ်သိပါတယ်...""ကိုကို...!"
"ဟ...ဟ..."
ရင်ခွင်ထဲက လှုပ်လာတဲ့ ပိစိ
ရှောင်းကျန့်ကို တိုးတိုးနေဖို့ သတိပေးရင်း
ကိုယ်လေးကို လှုပ်ပေးတော့ ပြန်ငြိမ်သွားလေရဲ့"နှစ်နှစ်ချိုက်ချိုက်ကို အိပ်နေတာပဲ...
baby bag ပါတာပဲ အောက်ချသိပ်လိုက်နော်ကလေး..."၅လ ရှိတဲ့ ကလေးတစ်ယောက်ဝိတ်က
ပိန်ပိန်ပါးပါး ရိပေါ်အတွက်တော့ အချိန်ကြာကြာ
ပိုးထားရရင် မသက်သာတာမို့"ဟုတ်ကိုကို..."
baby bag ပြင်ဆင်ပြီးတော့
ကိုကိုကလက်လွဲယူကာသိပ်ပြီးတာနဲ့
ကိုယ်တိုင်လည်း ကိုကို့ရင်ခွင်ထဲအောင်းလိုက်သည်။ရင်ခွင်ထဲက ကလေးကို တစ်ချက်ငုံ့နမ်းပြီး
"ဗိုက်ဆာနေလားကလေး..."
"ဟင့်အင်...အိမ်ရောက်မှစားမယ်...
ကိုကိုချက်ပေးရမှာနော်...""သခင်လေး...သဘောပါဗျာ..."
စကားပြောတိုင်း မြင့်ချီနိမ့်ချီဖြစ်သွားတဲ့
ရှောင်းကျန့် ရင်ဘတ်ကို နှုတ်ခမ်းလေးနဲ့ကပ်လိုက်ပြီး
ESTÁS LEYENDO
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasíaXiao Zhan -seme Yibo -uke (Zhanyi)