Sugar & Candy (Part-22) Z

7.1K 247 9
                                    

"ဝမ်ရိပေါ် ! မင်းကိုမမေးဘူး"

ရိပေါ် သူ့အပြစ်နှင့်သူမို့ မျက်နှာလေးမဲ့ပြီးခေါင်းလေးသာငုံ့နေ၏။ အရင်ထဲက ခြံထဲမဆင်းဖို့ ကိုကိုအတန်တန် တားသည်လေ။
ရှောင်ကျန့် မျက်ထောင့်နီကြီးဖြင့် ရိပေါ်ဘေးကလီလီစိုက်ကြည့်တော့

"သ သခင်လေး လီလီမှားတာပါ လီလီအလိုလိုက်တာပါ"

"ကျဲ .မ .."

ရိပေါ် စကားဖြတ်ပြောမည်ပြုတော့ လီလီကမပြောရန် ခေါင်းရမ်းပြသည်။

"တောက်!!"

ရှောင်ကျန့် ရိပေါ်ကိုယ်လေးကိုကောက်ပွေ့တော့ ရိပေါ် ရှောင်ကျန့် မျက်နှာကိုခိုးကြည့်ရင်း အသံတိုးတိုးလေးနှင့်

"ကလေး..အမှားပါ ကိုကို လီလီကျဲကိုမဆူပါနဲ့နော်"

ကိုကို ကတော့ ရိပေါ်ကို တစ်ချက်သာငုံ့ကြည့်သည်
ရိပေါ်သိတာပေါ့ ကိုကိုစိတ်ပူနေတယ်ဆိုတာ

"ကိုကို ~~"

အခန်းထဲရောက် ခုတင်ပေါ်ကိုချပေးပြီးသည်ထိ ရှောင်ကျန့်စကားမပြော ဗီရိုထဲက အကျီတွေထုတ်ပေးကာ ရေချိုးခန်းထဲဝင်သွားသည်။ပြီးတော့ ရေဇလုံနှင့် သပတ်ယူလာပြီး

"ရေပတ်တိုက်ရအောင်"

ရှောင်ကျန့်အကျီချွတ်ပေးကာ ရေပတ်တိုက်ပေးနေသည် ။

"ကိုကို"

"......"

"ကျွန်တော် တောင်းပန်ပါတယ် အ! ဟင့်!"

"ကျစ်..!...."

ရစ်ကီတို့လက်သည်းတွေနှင့် ခြစ်မမိထားရာက အစကမနာပေမဲ့ ရေနှင့်ထိတော့စပ်လာသည်။ လက်ဖျံလေးဖွေးဖွေးလေးမှာ ခြစ်ရာရဲရဲတွေက ရှောင်ကျန့် ကိုပိုလို့စိတ်တိုစေသည်။

အကျီလက်ပျက်လေးကိုဝတ်စေရင်း ဆေးသေတ္တာယူကာ ဆေးထည့်ပေးတော့

"အ! စပ်တယ် ဟင့်"

မျက်ရည်လေးတွေဝိုင်းကာ တုန်နေတဲ့ လက်ကလေးနဲ့ ဆေးထည့်ပေးသောရှောင်ကျန့် လက်ကိုတားလေတော့
ရှောင်ကျန့် မျက်နှာကိုတင်းမထားနိုင် ရိပေါ်လက်ကလေးကို ဖွဖွဆုပ်လိုက်ပြီး

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now