Sugar & Candy (Part-54)U

4.7K 314 52
                                    

"ကိုကို...!"

"လော့မချထားဘူးကလေး...ဝင်ခဲ့..."

ခြေသံဖွဖွနဲ့  လျှောက်လာတဲ့ကောင်လေး

၄လကျော်ကျော် ဗိုက်ကလေးကြောင့်
t shirtအကျီပွပွလေးတွေဝတ်နေရသည်။

ခုလည်း အဝါတောက်တောက်အကျီလေးနဲ့
ချည်သားဘောင်းဘီအပွလေး ဝတ်ထားလေရဲ့
အသားရည် ဖွေးဖွေးညပ်ညပ်ကလေးကထင်းလို့။ 

မျက်လုံးလေးကိုပွတ်ပြီး အနားရောက်လာတာမို့
နာရီကြည့်လိုက်တော့  ၁၀နာရီပေါင်ပေါ် ကိုခွကာထိုင်စေပြီး

"အိပ်ချင်နေပြီလား...?ကလေး..."

"အွန်း...ကိုကို့ကိုစောင့်နေတာ..."

"ညနေက အိပ်ထားတော့ ...ကိုယ်က
မအိပ်ချင်သေးဘူးထင်လို့...အလုပ်လေးဖျတ်နေတာ..."

နှာခေါင်းလုံးလုံးလေးနဲ့  လည်တိုင်စင်းစင်းကိုပွတ်ပြီး

"ရိပေါ် ...ခုတလောအရမ်းအိပ်ချင်နေတာ..."

"ကိုယ်ဝန်ကြောင့်နေမယ်...ခံတွင်းရော...ကောင်းရဲ့လား...?

"ဟင့်အင်...စပ်စပ်ကလေးစားချင်နေတာ..."

"အင်းအင်း...ကလေးစားချင်နေရင်...
ကိုယ်ရှီးချန်ကိုမေးပြီး လုပ်ပေးမယ်နော်..."

"ဟုတ်...ကိုကိုအကောင်းဆုံးပဲ ...မွမွ..."

လည်ပင်းကို တတိတိနမ်းတော့ကိုကို့ရဲ့ ကိုယ်သံလွင်လွင်ကလေးထွက်လာလေရဲ့

စာကြည့်မျက်မှန်ကိုချွတ်ပြီး 

"ကဲ...အိပ်ချင်တယ်ဆို...အဆိုးလေး..."

"နည်းနည်းပြေသွားပြီ...ကိုကို..."

"ဗျာ..."

"ချစ်တယ်..."

"ဟ...ဟ...ကိုယ်သိတာပေါ့..."

"အများကြီးအများကြီး...ချစ်တာရောသိလား..."

"အွန်း...ကလေးထပ် ကိုယ်က အများကြီးပိုချစ်တာလဲသိ..."

"ဟီးး...လုပ်စရာရှိတာလုပ်လေနော်...
ရိပေါ် သာသာလေးထိုင်နေမယ်..."

"အင်း...ခဏလေးစောင့်နော်..."

ရင်ဘတ်ချင်းပူးရပ်ကလေး  စာပွဲစီကို  ထိုင်ခုံရွှေ့ရင်းမနက်ဖြန် လူတွေ့ဖြေမဲ့သူတွေကိုစစ်နေတုန်း
သူ့ဖုန်းကိုယူပြီး  ဆော့နေတဲ့ကလေးအရင်က ဘာgameမှမရှိပေမဲ့မထင်ရင်မထင်သလို ဖုန်းကိုယူကိုင်ပြီးကိုကို့ဖုန်းကပျင်းစရာကြီးလို့ပြောတက်တာမို့
gameတွေထည့်ထားရသည်။

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now