Sugar & candy (Part-45)U🔞

6.6K 302 30
                                    


"ကိုယ်တို့...ကလေးယူရအောင်..."

မျက်လုံးမှေးမှေးလေးက အလန့်တကြား
မော့ကြည့်လာတာမို့

"ကိုယ့်အတွက်...ကလေးလေးတစ်ယောက်
မွေးပေးမလား..ရှောင်းရိပေါ်."

ရိပေါ်က ခုထိကြောင်ကြောင်ကလေးကြည့်နေတုန်း
ဆံပင်လေးကို သပ်ပေးလိုက်တော့ လက်တို့ကို ဖမ်းဆုပ်ရင်း

"ကိုကို...တ...တကယ်ပြောတာလားဟင်..."

"အင်း...ကိုယ်နဲ့တူတဲ့ကလေးလေး
မွေးပေးနိုင်မလား..."

ခေါင်းကိုတစ်ဇက်ဇက်ညိမ့်ကာ မျက်ရည်တွေအိုင်လာလေရဲ့

"အွင့်...မွေးပေးချင်တယ်...ရိပေါ်...ကိုကို့ကလေးလေးကို...ဟင့်...အရမ်းမွေးပေးချင်နေတာ...အင့်..."

မျက်ရည်တွေကို ဖွဖွသုတ်ပေးရင်း

"ကလေးလေးမွေးပေးချင်တယ်ဆို...မငိုနဲ့တော့...ကလေးမျက်ရည်ကျရင်...ကိုယ်ခွင့်မပြုပဲနေမှာနော်..."

"ဟင့်အင်...မငိုတော့ဘူး...အင့်...
မွေးမယ်နော်...ကလေးလေးမွေးမယ်နော်..."

ငိုချင်တာကိုထိန်းထားတော့ နှုတ်ခမ်းပါးလေးက
တဆက်ဆက်တုန်နေတယ်

ခေါင်းလေးကနေဆွဲပြီး တုန်နေတဲ့နှုတ်ခမ်းလေးကို
ထပ်တူကျစေတော့ မျက်လုံးလေးမှိတ်ပေးထားကာ
လက်ကလေးကခါးကို ရစ်ပတ်လာသည်။

နှုတ်ခမ်းကိုလျှာလေးနဲ့သပ်ပြီး သွားလေးနဲ့ဖွဖွဆွဲနေတော့နှုတ်ခမ်းပါးပါးချွန်ချွန် ထူလာတယ်အိစက်ပြီးနူးညံ့နေတဲ့ နှုတ်ခမ်းလေးအတန်ကြာအောင် စုပ်ယူနေသည်ထိ ကလေးကမရှောင်ဖယ်ရှာဘူး

ပြွတ်စ်ကနဲမြည်အောင် တစ်ချက်စုပ်ယူလိုက်ပြီး
အနမ်းတို့ကိုအဆုံးသတ်လိုက်သည်။

နှုတ်ခမ်းတို့ကွာသွားတာနဲ့ အောက်ကိုပဲငုံ့နေတဲ့
မျက်နှာလေး...ရှက်နေတယ်ထင်ပါ့ နားလေးကိုရဲလို့

"ဆရာဝန်နဲ့တိုင်ပင်ဖို့...ကိုယ် ရှီးချန်ကို
အကူအညီတောင်းထားတယ်..."

"ဟုတ်...ကိုကို..."

"ဟင်..."

ထိုင်နေတဲ့ ရှောင်ကျန့်ကို ရင်ဘတ်ကနေတွန်းပြီး
ခါးကိုခွကာ ရင်ဘတ်ပေါ်ထပ်အိပ်လာလေရဲ့

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now