Sugar & Candy (part-52)U

4.4K 303 42
                                    

"မျန်မျန်ကျဲ...
ကိုကိုအလုပ်တွေအရမ်းများနေလားဟင်...?"

"ဟို...အင်း...ဟုတ်တယ် ရိပေါ်လေးရဲ့...သူ့ကုမ္ပဏီက ဝန်းထမ်းတွေအကုန်လုံးလည်း...overtimeဆင်းနေရတာ...နှစ်ကုန်ခါနီးတော့လေ...."

နှုတ်ခမ်းလေးကိုက်ကာ ခေါင်းလေးတစ်ဆက်ဆက်ငြိမ့်ရင်း

"အော်...အဲ့ကြောင့်...ရိပေါ်စီပြန်မလာသေးတာနေမှာ..."

"အင်းပေါ့...နေရတာအဆင်ပြေရဲ့လားရိပေါ်လေး...
ဟိုအနံ့တွေရောရသေးလား..."

"မရတော့ဘူးကျဲ...ဟိုလေ..."

"အင်း...ကျဲကိုဘာပြောစရာရှိလို့လဲ...?"

"ရှီးချန်ကောကကားစီးလို့မရဘူးပြောထားတော့...လိုက်သွားလို့လဲမရဘူးကိုကိုနဲ့တွေ့ရင်ပြော ပေးပါလားဟင်...ရိပေါ်...ကိုကို့ကိုစောင့်နေတယ်လို့လေ..."

စကားအဖျားလေး သိပ်ဝင်သွားတာက
ကြားနိုင်တယ်ဆိုရုံမျှလေး

မျက်တောင်လေးကပုတ်ခက်ပုတ်ခက်နှင့်

အနားကိုသွားကာ  ရိပေါ်ခေါင်းလေးကို
ရင်ခွင်ထဲထည့်ပြီး  ကိုယ်တိုင်လည်းကျတော့မယ့်
မျက်ရည်လေးကို အမြန်သုတ်လိုက်သည်။

ဆံပင်လေးကိုသပ်ပေးပြီး

"ပြောပေးမှာပေါ့ ...ရှောင်းကျန့်လည်းရိပေါ်စီအမြန်လာချင်နေတာပါ...သူပြန်လာတော့မှာပါနော်..."

မျန်မျန်ပြန်သွားတော့

ယိုင်နှဲ့နှဲ့ကိုယ်လေးနဲ့ အိပ်ရာကထလာပြီး
အဝတ်ဗီရိုစီ  အကျီတန်းက ကိုကို့အကျီတစ်ထည်ကိုယူလိုက်ပြီး  ကိုယ်ပေါ်မှာထပ်ဝတ်လိုက်သည်။

အတားအစီးမရှိကျလာတဲ့  မျက်ရည်တွေကိုသုတ်ပြီး

"ကိုကို...အင့်... နေပြန်ကောင်းလာရင်ကိုကို့ကို  လာရှာပြီး တောင်းပန်မှာမလို့...အချိန်နည်းနည်းလေးပဲစောင့်ပေးပါ..."

"အားဝမ်...ငိုနေပြန်ပြီ..."

လီလီကိုကျောပေးရပ်လိုက်ပြီး

"အင့်...ဟင့်အင်...မငိုပါဘူး...ရိပေါ်က ဘာလို့ငိုရမှာလဲ..."

အဝတ်ဘီရိုနားမှာရပ်နေတဲ့ ကျောပြင်လေးက တသိမ့်သိမ့်တုန်နေတာတောင်မငိုဘူးတဲ့ဒီလိုဖြစ်နေတာ
သခင်လေးအိမ်ပြန်မလာတော့တဲ့ နေ့ကစတာပဲ။

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now