Sugar & Candy (Part-5)U

10.4K 620 2
                                    


"ရိပေါ်...ကောပြီးပြီးသွားစို့ "

စကားကိုမပြန်နိုင်အောင်မှန်ရှေ့မှာဆံပင်ကိုသဲသဲမဲမဲဖီးနေတာမို့ရှောင်းကျန့်လည်း အသည်းယားစွာရယ်ရင်း

"ကောပြင်ပေးမယ်...ဒီဘက်လှည့်  "

နှစ်ယောက်သားမျက်နှာချင်းဆိုင်အနေအထားတွင်
ရိပေါ် အရပ်ကရှောင်းကျန့် ရင်ခွင်ထက်အနည်းလေးပဲကျော်သည် ။

ရိုးရိုးရှင်းရှင်းသာဝတ်ထားပေမဲ့ ကျန့်ကျန့်ကချောလွန်းနေရဲ့

*ဟင်း....ကျန့်ကျန့်ရေမွှေးနံ့လေးကကောင်းလိုက်တာ*

ရိပေါ်တွေးရင်း ရင်ခုန်သံကပုံမှန်ထက်မြန်လာတာမို့မလုံမလဲစွာ မျက်စိရှေ့ကရင်ဘတ်ကိုအတင်းတွင်းရင်း

"ကျွန် ...ကျွန်တော့်ဘာသာလုပ်မယ်  ...ရပြီ"

ရိပေါ်ကိုယ်လေးကိုပြန်ဆွဲလိုက်ကာ

"နေပါ...ကောလုပ်တာပြီးနေပြီ
ငြိမ်ငြိမ်လေးပဲနေကွာ spray  လေးပဲဖြန်းရတော့မှာ"

T shirt အဝါရောင်၊ရှော့ပန်အနက်ဒူးပေါ်လေး
ဝတ်ထားတဲ့ဆံပင်မှိုလုံးနဲ့ချစ်စဖွယ်ကောင်လေးကို
ကြည့်ရင်း

"ရိပေါ်လေးကဒီလိုကျလည်းချစ်စရာကောင်းနေ
ပြန်ရော"

ပြုံးပြုံးမျက်နှာပေးနဲ့ကျန့်ကျန့်ကိုမျက်စောင်းထိုးရင်း

"မွေးကထဲက ချစ်စရာကောင်းလာတာ...သဘောပေါက်"

"ဟား...ဟား... ဟုတ်ပါ့ကွာဟုတ်ပါ့
ကော ညီလေးကမွေးထဲက ချစ်စရာကောင်းတာပါ "

*ညီလေး*
ရင်ထဲတစ်ခုခုတစ်စို့သွားသလိုခံစားလိုက်ရတာကြောင့်

"ကျန့်ကျန့်သွားအောင်  နောက်ကျနေမယ်"

ရိပေါ် အခန်းထဲမှ ဦးဆောင်ထွက်လာခဲ့သည် ။

စတွေ့ကထဲကမသိမသာရောသိသိသာသာရော
မြန်လာတဲ့ကိုယ့်ရင်ခုန်သံကိုမညာချင်ပါ 
*ကျွန်တော်ကကျန့်ကျန့်ရဲ့ ညီလေးမှမဖြစ်ချင်တာ *

နှစ်ယောက်သား shopping ထွက်လာပြီး
ကားပေါ်တွင် စကားမပြောသိသိသာသာလေးငိုင်နေတဲ့  ရိပေါ်က်ိုကြည့်ရင်း

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now