Sugar & Candy(Part-56)U

5K 322 37
                                    

"mr. xiao zhan မှာ
အိမ်ထောင်ရှိတယ်လို့သိထားပေမဲ့
ဒီနယ်ပယ်မှသိပ်မတွေ့ရသလိုပဲနော်...
စီးပွါးရေးလောကထဲကမဟုတ်လို့များလား...?"

တစ်ဖက်လူပြောစကားကို
ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့သေချာနားထောင်ကာ
နှုတ်ခမ်းလေးပင့်ယုံသာပြုံးပြီး

"မတွေ့တယ်ဆိုတာက ဒီနယ်ပယ်နဲ့မဆိုင်ဘူးဗျ
ကျွန်တော်ကိုယ်တိုင်ကလည်း...လူစိတ်ဝင်စားခံရတာမကြိုက်သလိုကျွန်တော်အမျိုးသားကလည်း
ရှုပ်ရှုပ်ရှက်ရှပ်ရှပ်တွေ မကြိုက်ဘူး...နောက်ပြီး ခုကျတော့ ကိုယ်ဝန်လေးနဲ့ဆိုတော့အိမ်မှာပဲ အနေများသွားတာဗျ...ကိုယ်တိုင်လည်း ...အတင်းအကျပ်မတိုက်တွန်းဘူး သူ့ဆန္ဒကသာ အဓိကမို့သူ့သဘောအတိုင်းပဲထားတာပါ..."

မေးခွန်းကိုအတွင်းကျကျမေးတာကိုရှောင်းကျန့်ပိတ်ဖြေသွားတာမို့ ဆက်မေးစရာပင်မရှိတော့ ရှောင်းလူကြီးမင်းရဲ့ အချစ်တော်ဘွဲ့ရထားတဲ့ ကောင်လေးက သူတို့လောကမှာ သတင်းမွှေးတယ်
ကောင်လေးက သိုသိုသိပ်သိပ်မို့ သတင်းသမားတွေပိုစိတ်ဝင်စားခံရတာဆိုလည်းမမှားပေကိုယ်ဝန်အကြောင်းကိုလည်း ကုမ္ပဏီကchannelမှာ
အတိအလင်းကျေညာထားတာမို့ တစ်နိုင်ငံလုံးသိသည်။

သတင်းနှိုက်မရတာနဲ့ စီးပွါးရေးအကြောင်းကိုပဲစကားရောက်သွားသည်။

ရိပေါ် အိမ်မှာနေရင်းChannel Cမှာလာနေတဲ့
ကိုကို့အင်တာဗျူးကို live ကြည့်နေသည်။

သူကိုယ်တိုင်ရွေးပေးတဲ့ အသည်းပုံအနီလေးပါတဲ့
ရှပ်အကျီအဖြူလေးနဲ့စတိုင်ပန်ရိုးရိုးလေးပဲ
ဝတ်ထားတဲ့ကိုကိုမျက်နှာကကြည်ကြည်တောက်တောက်လေးမဖြေချင်တဲ့မေးခွန်းဆိုရင်တောင် စကားကိုအလိမ်မာသုံးပြီး​ပြောတက်တယ်

Liveပြီးတော့

"လီလီကျဲရေ...."

"...."

"ကျဲ..."

အိမ်နောက်ရောက်နေတာမို့ မကြားတဲ့အဆုံး
လက်တစ်ဖက်က ခါးကိုထိန်းကုန်းထကာ
ထမင်းစားခန်းကိုသွားရတော့သည်။

"အားဝမ်...ကျဲကိုရှာတာလား...
ဘာစားချက်လို့လဲ?"

"ဟွန့်...ခေါ်နေတာကြာပြီ...
အော်ခေါ်ရလွန်းလို့ကလေးတောင်ပြွတ်ခနဲ
ထွက်တော့မယ်..."

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now