Sugar & Candy (part-8)U

10.5K 571 7
                                    

"ကလေး"

"အင်..."

"ကိုယ်ရေချိုးပြီးပြီ ညစာစားကျအောင် ထတော့နော်"

"မစားချင်တော့ဘူး အိပ်ပဲအိပ်ချင်နေတယ်"

ခုတင်ပေါ်ကိုထိုင်လိုက်ပြီး နီတာရဲလေးဖြစ်နေ တဲ့ ကောင်လေးရဲ့ နဖူးကိုစမ်းကြည့်လိုက်ရင်ပဲ

"ကိုယ်တွေပူနေတာပဲကလေးရ "

"ခေါင်းလည်းမူးတယ်"

"ကလေးရာ  မျက်နှာလေးရဲနေတာပဲလို့"

အဖျားရှိန်ကြောင့် နီတာရဲလေးဖြစ်ပြီး ငိုမဲ့မဲ့လေးဖြစ်နေတဲ့ ကလေးလေး

"ကိုယ် လီလီကိုဆန်ပြုပ်လုပ်ခိုင်းလိုက်မယ်
ငြိမ်ငြိမ်လေးလှဲနေနော်"

ထလိုက်ရင်ပဲ ရှောင်းကျန့် အကျီစကိုလှန်းဆွဲကာ

"ကိိုကို"

"ဟင်!"

"ကျွန်တော့်နားမှာပဲနေ ပေး"

ရှောင်းကျန့်ပြန်ထိုင်လိုက်ရင်း

"ကလေး ဆေးသောက်ဖို့လိုတယ်လေ"

"ဟင့်အင် ဆေးမသောက်ချင်ဘူး "

"လိမ်မာပါတယ်ကွာ ကိုယ်ခဏလေးပဲသွားမှာလေ"

"ကိုကိုကလည်း"

ကြည့်ပါအုန်း ချွဲနေတဲ့မျက်နှာလေးက

"ဟင်းးးးကောင်းပြီ ကလေးအိပ်ချင်သေးရင် ခဏလေးအိပ် ပြီးရင်တော့ဆေးသောက်ဖို့အတွက် ဆန်ပြုတ် သောက်ရမယ် ဟုတ်ပြီလား ခုကိုယ်ကလေးနားမှာ စောင့်နေပေးမယ် "

"အွင်းး "

ခေါင်းလေးကို အသာလေးပွတ်ပေးပြီးသိပ်​တော့
အိပ်ပျော်သွားတာတောင် အကျီစလေးကိုအလွတ်မပေးပဲ ဆွဲထားလေရဲ့

"လီလီ"

"ရှင် သခင်လေး ညစာအဆင်သင့်ဖြစ်နေပါပြီ"

"အင်းး ခုတော့ဆန်ပြုတ် ပြုတ်ပေး"

လီလီကတော့ထုံးစံအတိုင်း လျှာရှည်အုန်းမည်

"ဟမ်! သခင်လေးကထမင်းမစားဘူးလား? ဝမ်သခင်လေးကိုယ်တိုင်ချက်ထားတာကို"

"ရိပေါ်က ဟင်းတွေချက်တယ်"

"ဟုတ် တစ်နေ့ခင်းလုံး မီးဖိုခန်းထဲကတောင်မထွက်ဘူး"

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now