Sugar & Candy (Part-20)U

8.3K 454 17
                                    

လွမ်းနေခဲ့တာလို့ တစ်ဖွဖွပြောရင်း ရိပေါ်ခါးလေးကိုဖက်ကာအိပ်ပျော်သွားတဲ့ ကိုကိုရယ်ပါ။

ရိပေါ်  မခြောက်သေးတဲ့မျက်ရည်တွေကို ဖွဖွသုပ်ပေးပြီး  ခေါင်းလေးကိုငုံ့နမ်းကာ

"ချစ်တယ်ကိုကို အရမ်းပင်ပန်းခဲ့တယ်မဟုတ်လား"

ရိပေါ်လည်း  ခေါင်းအုံးကိုမှီကာ  ဆံပင်ထဲကို လက်လေးအသာထိုးဆွပေးရင်း  မျက်နှာချောချောလေးကို ငေးကြည့်နေမိသည်။
ကိုကိုမျက်နှာလေးချောင်သွားတယ် မျက်နှာဖွေးဖွေးထက်မှာက မုတ်ဆိတ်မွေးလေးတွေကပေါက်လို့။

"မုတ်ဆိတ်မွေးလည်း မရိတ်ဘူး "

မုတ်ဆိတ်မွေးငုတ်စိတွေကိုစမ်းရင်း  လက်ကနှုတ်ခမ်းအောက်ကမှဲ့လေးစီ  ။

"ကိုကို ကျွန်တော်အရမ်းကံကောင်းတယ်သိလား ?"

"ဟုတ်လား?ဘာလို့လဲ...ဟင်"

နှုတ်ခမ်းအောက်ကမှဲ့လေးကိုကိုင်နေတဲ့လက်လေးတုန်တက်သွားသည်။ 

"အဲ့  ကိုကိုကျွန်တော့်ကြောင့်နိုးသွားတာလား?"

"ကိုယ့်မျက်နှာပေါ်မှာ  ပုရွတ်ဆိတ်လေးဖြတ်လျောက်နေတာကို  နိုးတော့တာပေါ့"

"ဟီးးး "

"ပြောပါအုန်း ကလေးကံကောင်းရတဲ့အကြောင်းလေးကို"

"မသိဘူးလား ဝမ်ရိပေါ် ဆိုတဲ့ကျွန်တော်က  ရှောင်းကျန့် ကောကောရဲ့ အချစ်တွေကိုအပိုင်ရလို့ပေါ့ "

"အတက်လေး   ကိုယ်ကိုချစ်လား?"

"ဖြေစရာလိုသေးလို့လား?"

"အင်းးကိုယ်မကြားရတာဘယ်လောက်ကြာပြီလဲ"

"ချစ်တာပေါ့ ဒီလူကြီးကို..... ဟ.. ဟ.. ယားတယ်ကိုကို ကိုကိုလို့ ခီခီ"

ရှောင်းကျန့် ရိပေါ်လက်လေးကို ကိုင်လည်း မုတ်ဆိတ်မွေးတွေနဲ့ ပွတ်နေခြင်းပင် ။ တခစ်ခစ်ရယ်နေတဲ့ ကလေးလေးကို  ကြည့်၍ရှောင်းကျန့်အသည်းယားလှသည်။

"ကိုကို  အိပ်ရေးမဝသေးရင်းထပ်အိပ်လေနော် ဟိ ကိုကို လွှတ်တော့ဆို  ဟ.... ဟ.."

~~~~

"ဝေ ရှီးချန် ကလေးသတိရလာပြီ အိမ်လာခဲ့အုန်း ခုနော်"

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now