Sugar & Candy (Part-34)U

5.1K 341 22
                                    

'တင်´

စာဝင်လာတဲ့ဖုန်းကို  တစ်ချက်ပဲကြည့်ပြီး ၅ကြိမ်မြောက် ပြန်ချထားလိုက်သည်။

"zhan ge က လည်းအူတိုလိုက်တာ "

"ထားလိုက်ပါ  လာဆက်ကျင့်ရအောင် ရတော့မှာ ခဏလေးပဲ"

"ge လူကိုပိုင်ပြီးရော"

ရိပေါ်  ထမင်းစားပြီးဖန့်ဖန့်အခန်းထဲပြန်လိုက်လာရင်း အခန်းထောင့်က skateboard တွေကိုတွေ့ပြီးတော့  နှစ်ယောက်သားစကားကျကာYoutube က ဗီဒီယိုတွေရှာပြီး skate အစီးကျင့်နေကျသည်။
ဖန့်ဖန့် အခန်းက တော်တော်ကျယ်တာမို့ အဆင်ပြေလှသည်။

ဖန့်ဖန့်နဲ့က ဝါသနာတူပြီး စကားပြောပွင့်လင်းတာကြောင့်ရိပေါ်  မပျင်းရ။

'တင်!´

"ကဲ ! ge ရေ "

ရိပေါ်  မပြောနဲ့ဆိုတဲ့ သဘောနဲ့ ရှူးဆိုလုပ်ပြရင်း
စကိတ်ကိုခုန်ပြီးလှည့်လိုက်သည်။

"ဝါးးးgeက မိုက်လိုက်တာဗျာ  ကျွန်တော်ခုထိမရသေးဘူး"

ရိပေါ်  ဖန့်ဖန့်နားကိုသွားပြီး ကိုယ်ကိုဘယ်လိုထိန်းဖို့
ခြေထောက်ကို ဘယ်လိုဆိုတာရှင်းပြပေးပြီး
နှစ်ယောက်သားပြိုင်တူစီးပြီးခုန်တော့  ဖန့်ဖန့်ပါရသွားသည်။

"ဝါးးးဝါးး ge ကျွန်တော်ရလိုက်တယ်ဗျ "

ဖန့်ဖန့် အူမြူးမြူး နဲ့ ရိပေါ် လက်ကိုဆွဲကာ 
ပုခုံးချင်းတိုက်နေတုန်း

'ဝုန်း!´

"ကိုကို!" "zhan ge!"

ရှောင်းကျန့်  မျက်နှာသေနဲ့  ၂ယောက်လုံးကိုကြည့်ပြီး

"ဘယ်အချိန်ရှိနေပြီလဲ?"

"..........."

"မေးနေတယ်လေ"

ရှောင်းကျန့် ဒေါသထွက်နေတာသိသာတာမို့
ဖန့်ဖန့်က ဝင်မပြောရဲ ။

ရိပေါ်  ခုတင်ပေါ်ကဖုန်းကိုကောက်ယူပြီးကြည့်လိုက်တော့  ကိုယ့်နဖူးကိုယ်သာရိုက်လိုက်သည်။

"  ဟို  ၁၂....နာရီ ခွဲ ကိုကို"

ရှောင်းကျန့် ဘာမှမပြောပဲ  အခန်းထဲက ထွက်သွားတော့ရိပေါ်  ကြောင်ကြောင်လေးရပ်နေခဲ့သည်။

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now