Sugar& Candy(Part-57)U

4.9K 323 38
                                    

"ကျန်းချန်ကော...ရောက်လာပြီလား...?"

"မထလာနဲ့...ရိပေါ်...လှဲနေ..."

ရိပေါ်  ကုတင်နားကိုလျှောက်လာကာ
ဘေးက  နီတာရဲလေးကို  ငုံ့ကြည့်ပြီး

"ကလေးက တော်တော်ထွားတယ်နော်..."

"ဟုတ်ပါ့...
ကောလည်းခုမှရောက်လာတော့တယ်..."

"ကုမ္ပဏီဝင်တာမကြာသေးတော့
သင်စရာတွေရှိတယ် ရိပေါ်ရဲ့..."

"အင်းပါ...ညနေစာစားပြီးမှပြန်ရမှာနော်...
အားလုံးစီစဥ်ပြီးပြီ...
ခဏနေ ကိုကိုလည်းပြန်ရောက်တော့မှာ..."

"မလုပ်ပါနဲ့ရိပေါ်ရယ်... 
သူဌေးနဲ့တော့...အတူမစားပါရစေနဲ့..."

"အော...ကိုကိုက ဘာလုပ်နေလို့လဲ..."

"မလုပ်လည်း  မစားရဲပါဘူးရိပေါ်ရယ်....
နောက်နေ့မှပေါ့နော..."

"မရပါဘူး...ကိုကို့ကိုရော ပြောပြီသား...
စားသွားပါ..."

ကျန်းချန် ခေါင်းကိုတဗျင်းဗျင်းကုပ်နေသည်။
ဘယ်လိုငြင်းရပါ့  မင်းတို့ပဲစဥ်းစားကြည့်
ကိုယ့်အထက်လူကြီးနဲ့   ထမင်းလက်စုံစားရမယ်တဲ့

"အဲ့...အဲ့...ဖူးး..."

အိပ်နေတဲ့  ပေါက်စလေး  လူးလာပြီး 
နှာတွေချည်လာလေရဲ့

"သားရေ...ကျွတ်ကျွတ်...ကျွတ်ကျွတ်...
နှာတွေချေနေပြီ...မှန်း...ရှူးတွေပေါက်ထားလား...?"

"ဖူးးး..."

"ရှူးတွေပေါက်ထားတာပဲ...ကျန်းချန်ကော...
မရိုမသေ အဲကွန်းလေးလျော့ပေးပါလား..."

"အေးအေး...ဒိုက်ပါ ယူမလို့လား...
နေနေ...ကောပေးမယ်..."

"ကျေးဇူးကော..."

"မလိုတာကွာ...ဗိုက်ခွဲထားရင်
ကုန်းကုန်းကွကွမလုပ်ရဘူးမှတ်လား...
နေ...ကောလဲလိုက်မယ်..."

ပြာယာတက်နေတဲ့ ကျန်းချန်ကိုပြုံးစိစိနဲ့ကြည့်ပြီး

"​ကောကလုပ်တက်လို့လား...?"

"ဒီလေါက်တော့ဖြစ်မှာပါကွ..."

တကယ်လည်းဖြစ်သည်။အနှီးလေးနဲ့ပြန်ပတ်ပေးရင်း

"ကလေးနာမည်ရော...စဥ်းစားပြီးပြီလား..."

"ရိကျန့်...ရှောင်းရိကျန့်..."

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now