Sugar & Candy (Part-23)U

8.1K 415 31
                                    

4:30 AM

ညက alarmပေးထားတဲ့ဖုန်းလေးမြည်တာနဲ့
အိပ်ယာထကာ  ရင်ခွင်ထဲကအကောင်ပေါက်ရဲ့ နဖူး‌‌ေလးကိုနမ်းတော့  နှုတ်ခမ်းဆူကာ  နောက်ကြောပေးအိပ်သွားတဲ့  လေရဲ့
ဒီပေါက်စကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့

မျက်နှာသစ်/ အားကစားဝတ်စုံလဲပြီးတော့
အိပ်ယာပေါ်  တင်တလွဲထိုင်ရင်း

"ဘေဘီ ..ပူတူးအိပ်ယာထတော့  ဝက်ကလေးရေ...."

ပါးကို ဆွဲနေတဲ့ ရှောင်းကျန့်လက်ကိုပုတ်ချကာ

"အာ.... ကိုကို၊
အိပ်ချင်သေးတယ်ဗျာ အင်... "

ခေါင်းထိခြုံသွားတဲ့စောင်ကိုပြန်ဆွဲချရင်း

"ကလေးလေး ထတော့  ညကဘာပြောထားလဲဟင် ထတော့ကွာ"

"အင်~~~~~~ကိုကိုးးး"

"ကလေးပဲ လမ်းလျှောက်လိုက်မယ်ဆို မလိုက်ရင် ကိုယ်တစ်ယောက်ထဲသွား..."

စကားမဆုံးသေး ငေါက်ခနဲထထိုင်ပါလေတဲ့ ဝမ်ရိပေါ်ရယ်ပါ  လက်စွဲတော် မျက်စောင်းထိုးရင်း

"........"

"ဘာလဲ ကိုယ့်ကိုအ့လိုမကြည့်နဲ့  လိုက်မှာလားမလိုက်ဘူးလား?"

"လိုက်မှာ လိုက်မှာ  ကိုကိုမခေါ်ချင်တာသိလို့ကိုလိုက်မှာ"

"ဘယ်သူပြောလဲ ကိုယ်မခေါ်ချင်ဘူးလို့"

"ဘယ်သိမလဲ  ကိုကို  ရဲ့  ဝှါးးးး"

"ကဲ   စကားနာထိုးမနေနဲ့ကလေး    စီရန်က
ဒီရပ်ကွက်မှာနေတာလေ  ဒီတိုင်းတိုက်တိုက်
ဆိုင်ဆိုင်တွေ့တာလေကွာ"

"ဟွန့် .ဒါနဲ့ပဲအိမ်ပါလာတယ်ပေါ့  ဘာမှလာပြောနဲ့  မျက်နှာသစ်တော့မယ်"

"အွန်း"

"ဘာ အွန်းကြီးလဲ ကိုကိုနော် လာချီ"

"ဟဟ ဟုတ်ပါပြီကွာ အသည်းပေါက်လေးကိုတောင်ချစ်လို့မဝနေတာကို သဝန်တိုမတိုစမ်းပါနဲ့ကွာ"

ရှောင်းကျန့်   ပွေ့ခေါ်ရင်း  နှုတ်ခမ်းလုံးလေးကိုနမ်းတော့   လက်နဲ့အတင်းကာပြီး

"ဟွန့်!သွားတိုက်ပြီးမှ"

မနေ့က အလုပ်သမားတွေ ပြောနေကြတာ  ကိုကိုမနက်စောစောလမ်းလျှောက်ပြီး အိမ်ပြန်လာတော့ ကိုကိုနဲ့ အတူတူကောင်မလေးတစ်ယောက်  အိမ်ပါလာတယ်တဲ့ ရိပေါ်ကအ့ချိန်မနိုးသေးတော့မတွေ့လိုက်ရဘူးကိုကိုကလည်းပြုံးလို့ဆိုပဲ  ဟွင့်  ဟိုမိန်းမကလည်း စားဖားကြီးလိုပြုံးနေမှာသေချာတယ်  ဒီနေ့တော့တွေ့ကျတာပေါ့  စားဖားကြီးရယ်

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now