Sugar & Candy (Part-8) Z

4K 264 5
                                    

"ကလေး"

"ဟင်"

"ကိုယ်ရေချိုးပြီးပြီ ညစာစားကျအောင် ထတော့နော်"

"ကျွန်တော် ညစာမစားချင်တော့ဘူး အိပ်ပဲအိပ်ချင်နေတယ်"

ရှောင်ကျန့် ခုတင်ပေါ်ကိုထိုင်လိုက်ပြီး နီတာရဲလေးဖြစ်နေ တဲ့ ကောင်လေးရဲ့ နဖူးကိုစမ်းကြည့်လိုက်ရင်ပဲ

"ကျစ် ကိုယ်တွေပူနေတာပဲကလေးရ "

"အွင်းးးးခေါင်းလည်းမူးတယ်ဟင့်"

"ဟင် အာ့ဆို ပြန်လှဲနေနော်
ကလေးရာ ကြည့်ပါအုန်း မျက်နှာလေးရဲလို့"

အဖျားရှိန်ကြောင့် နီတာရဲလေးဖြစ်ပြီး ငိုမဲ့မဲ့လေးဖြစ်နေတဲ့ ကလေးလေးကိုကြည့်ပြီး ရှောင်ကျန့် ပါရောငိုချင်နေမိ၏

"ကလေး ကိုယ် လီလီကို ဆန်ပြုပ် ပြုပ်ခိုင်းလိုက်မယ်နော်
ငြိမ်ငြိမ်လေးလှဲနေ"

ရှောင်ကျန့်ထသွားလိုက်ရင်ပဲ
ရိပေါ် ရှောင်ကျန့် အကျီစလေးကိုလှန်းဆွဲကာ

"ကိုကို"

"ဟင်!"

"ကျွန်တော့်နားမှာပဲနေ ပေး"

ရှောင်ကျန့်ပြန်ထိုင်လိုက်ရင်း

"ကလေး ဆေးသောက်ဖို့လိုတယ်လေ"

"ဟင့်အင် ဆေးမသောက်ချင်ဘူး "

"ကလေးကလည်းလိမ်မာပါတယ်ကွာ ကိုယ်ခဏလေးပဲသွားမှာလေ"

"ကိုကိုကလည်းးးး"

ကြည့်ပါအုန်း ချွဲနေတဲ့မျက်နှာလေးက

"ဟင်းးးးကောင်းပြီ ကလေးအိပ်ချင်သေးရင် ခဏလေးအိပ် ပြီးရင်တော့ဆေးသောက်ဖို့အတွက် ဆန်ပြုတ် သောက်ရမယ် ဟုတ်ပြီလား ခုကိုယ်ကလေးနားမှာ စောင့်နေပေးမယ် "

"အွင်းး "

ရှောင်ကျန့် အိပ်နေတဲ့ကောင်လေးရဲ့ခေါင်းလေးကို အသာလေးပွတ်ပေးနေသည်
အိပ်ပျော်သွားတာတောင် အကျီစလေးကိုအလွတ်မပေး ဆွဲထားလေရဲ့

ခဏနေတော့ ရှောင်ကျန့် အောက်ဆင်းပြီး

"လီလီ"

"ရှင် သခင်လေး ညစာအဆင်သင့်ဖြစ်ပါပြီ"

"အင်းး ခုတော့ဆန်ပြုတ် ပြုတ်ပေး"

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now