Sugar&Candy(Part-36)U

5.5K 357 27
                                    

ရှောင်းကျန့် ပြန်ရောက်တော့ နေ့လည် ၁နာရီ

အိပ်ပျော်နေတဲ့ ကလေးရဲ့ နဖူးပြေပြေကိုငုံ့နမ်းလိုက်ရင်ပဲ လူးလွင့်လာလေရဲ့

"အင်~~ကိုကို ပြန်လာပြီ"

"ပြန်လာပြီ ....ပျင်းနေလားကလေး? ဖန့်ဖန့်ရော
မလာဘူးလား?"

"လာတယ်ကိုကို....စောစောလေးကမှထွက်သွားတာ"

ကုတင်ပေါ်မှာထိုင်ကာ အကျီလက်ခေါက်တင်နေတုန်းပေါင်ပေါ် ရောက်လာတဲ့ခေါင်းလုံးလေး

နှာခေါင်းလုံးလုံး​ေလးကို ညစ်လိုက်ရင်း

"ဗိုက်ဆာပြီလား...?နေသာရင် ကိုယ်တို့အပြင်ထွက်စားမလား? "

"ဟုတ်... အပြင်သွားချင်တယ်...ကိုကို"

"အဲ့ဒါဆို ရေချိုးတော့ကိုယ်အကျီထုတ်ပေးထားမယ်"

"ဟုတ်..."
________________

ရေချိုးပြီးထွက်လာတော့ ရှောင်းကျန့်က
အကျီပင်လဲပြီးနေပြီ

မိုးပြာရောင်အကျီလေးနဲ့ ကိုကိုက ဘယ်ချိန်ကြည့်ကြည့်ခန့်ညားပြီး ပြည့်စုံတယ်

သူ့အတွက်ထုတ်ပေးထားတဲ့ t shirt အဖြူလေးနဲ့အပြာရောင် အပေါ်ထပ်လေးကိုဝတ်ရင်း

"ကိုကို....မနက်က အဆင်ပြေခဲ့လား?"

"ပစ္စည်းကအဆင်ပြေပါတယ်...ဒါပေမဲ့
လိုချင်တဲ့သူကများနေတော့ လေလံပွဲလုပ်ရအုန်းမှာ"

"အင်...လေလံပွဲကဘယ်တော့လဲ?"

"ဒီအပတ်ထဲပဲ ကလေးရဲ့...ကိုယ်ကမယူတော့ဘူး"

"ပစ္စည်းကအဆင်ပြေတယ်ဆို...?"

"ခုက ကိုယ်တို့ honeymoon ခရီးလေ...အလုပ်တွေနဲ့ဆိုကလေးစိတ်အနှောက်အယှက်ဖြစ်မှာဆိုးတယ်"

"မဖြစ်ပါဘူးကိုကိုရဲ့...အလုပ်တွေပြစ်ပြီးကလေးကိုအချိန်ပေးနေရတာကိုအားနာတယ် ကိုကို လုပ်စရာရှိတာလုပ်နော်..."

"ကလေးသဘောပါဗျာ...ကိုယ့်အချစ်က သိတက်လိုက်တာ"

"ဟီးး......ကိုကို"

"ဗျာ..."

"ကျွန်တော်က.... ကိုကို့အတွက်ဘာလဲဟင်?"

Sugar man & Canday Boy{Unicode & Zawgyi}CompleteTempat cerita menjadi hidup. Temukan sekarang