အခန်း (၂၀၁)

9.3K 254 2
                                    


အခန်း (၂၀၁) : လူသားအဆင့်လွန်ဆုံး အဆင့်

"ဂိုဏ်းချုပ်တူ ... " မသေမချာ အသံတစ်ခုက ရုတ်တရက် ဝင်ရောက်လာကာ တူရှီချင်းက အတွေးဆက်များကို ဖြတ်တောက်လိုက်လေသည်။

တုရှီချင်းက လှည့်ကြည့်လိုက်သည့်အခါ ကုန်သည်အိမ်တော်တစ်ခုမှ ဝတ်စုံကို ဝတ်ဆင်ထားသော ဆိုင်အကူ တစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ထိုဆိုင်အကူနှင့် မရင်းနှီးပေ။

"ကျုပ်ကို ခေါ်တာလား .." တုရှီချင်းက ရုတ်တရက် ထိုဆိုင်အကူကို  သံသယဖြင့် ကြည့်လိုက်လေသည်။

ဆိုင်အကူက ပြုံးဖြီးရင်း ပြောလိုက်သည် "ဟုတ်ပါတယ်ဗျ .. တစ်ယောက်ယောက်က စီနီယာကို စာလေး ပေးပေးဖို့ မှာလိုက်လို့ပါဗျ .. "

ထိုသို့ ပြောပြီး ဆိုင်အကူက တရိုတသေဖြင့် တုရှီချင်း လက်ထဲသို့  စာတစ်စောင် ထုတ်ပေးလိုက်သည်။

တုချီရှင်းက စာကို လက်ခံပြီးတော့ မေးလိုက်သည် "မင်းဆီ လာပေးတာလား ... "

"အဲဒါတော့ မသိဘူးဗျ ကျွန်တော်က တဆင့်ပို့ပေးတဲ့သူပါ .... " ထိုသို့ပြောပြီးနောက် ဆိုင်အကူက လှည့်ထွက်သွားကာ မကြာခင် ပျောက်သွားတော့သည်။

တုရှီချင်းက ထူးဆန်းဖွယ်စာကို ကြည့်ကာ ဖွင့်ကြည့်လိုက်သည်။ ထိုစဉ် သူက တော်တော် အံ့အားသင့်မိသွားသည် ...

"စီနီယာတု ...  ဒီဂျုနီယာက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ပါခင်ဗျ။ ဂျုနီယာက  တခြားသူနဲ့ ရန်စ ရှိထားတဲ့အတွက် ယန်မြို့တော်ကို မလာရဲသေးတာပါ .. အဲဒါကြောင့် ဒီစာကို စီနီယာဆီကို တခြားတစ်ယောက်ကိ ပို့ခိုင်းလိုက်တာပါ။  ကျွန်တော် စီနီယာနဲ့ တွေ့ပြီးတော့ အကြံဉာဏ်လေး တောင်းခံချင်ပါတယ်။

 တကယ်လို့ စီနီယာက ဂျုနီယာကို တွေ့ဖို့ လိုလားတယ်ဆိုရင် ယင်သင်္ချိုင်းကမ်းစပ်ကို လာခဲ့ပါ ဂျုနီယာ စောင့်နေပါ့မယ်။  တကယ်လို့ စီနီယာက မတွေ့ချင်ဘူးဆိုရင်တော့ ဒီစာကို လျစ်လျူရှုလိုက်ပါ။ 

ဂျုနီယာက စီနီယာကို မတွေ့မိဘူးဆိုရင် ကျွန်တော်လည်း ထွက်သွားပါ့မယ် ...

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now