အခန်း (247)

1.1K 150 0
                                    

လူသားသစ္စာ စာစဉ် (၁၈)
ဘာသာပြန်ဆိုသူ .....  ကြည်ဖြူ  (ရိုးရာ)

အခန်း (၂၄၇) : ကျုပ်မှာ တခြားနာမည်ရှိသေးတယ်

ဆိုင်အကူက ကြာကြာ အံ့ဩချိန်မရလိုက်ဘဲ ပြန်ပြုံးလိုက်ကာ မိုဝူကျီကို ပြောလိုက်တော့သည် “ဆေးလုံးဆရာ ... ကျွန်တော် သတင်းပို့နေတုန်း ခဏလေး စောင့်နေပေးပါဗျ ... ”

ဆိုင်အကူက ဆေးလုံးအိမ်တော်အတွင်း ပြေးဝင်သွားပြီး နှစ်မိနစ်အတွင်း ကတုံးပြောင်လူကြီးက ဆိုင်အကူနှင့်အတူ ကမန်းကတန်း ထွက်လာလေသည်။

“တာအိုရောင်းရင်းက လမင်းကိုးစင်း ဆေးလုံးအိမ်တော်ကို ဆေးလုံးလာပို့တဲ့ ဆေးလုံးဆရာလား ...” ထိုအမျိုးသားက ဆေးလုံးအိမ်တော်အတွင်းမှ ထွက်လာလာချင်း လက်နှစ်ဖက်ယှက်လျက် မိုဝူကျီကို မေးလိုက်လေသည်။

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး သံသယရှိဟန်ဖြင့် မေးလိုက်လေသည် “ကျုပ်က ဆေးလုံးလာပို့တာ အမှန်ပဲ။ လမင်းကိုးစင်းဆေးလုံးအိမ်တော်ကို ရွှေအသွင်ဆေးလုံး လာပို့မယ်လို့ ကတိပေးထားတယ်။ အဲဒါကြောင့် ရောက်လာတာပဲ။ ဒါနဲ့ ခင်ဗျားက ဘယ်သူလဲ ... ”

“ကျုပ်က ဒီကျင့်ထီဆေးလုံးအိမ်တော်က ဆိုင်တာဝန်ခံ ကန်ဟွာပိုင်ပါ။ တာအိုရောင်းရင်း ကျုပ်နဲ့ အရောင်းအဝယ် လုပ်ရအောင်လေ ...” ကတုံးပြောင် အမျိုးသားက အပြုံးများ ဖောဖောသီသီဖြင့် ဖိတ်ခေါ်လိုက်လေသည်။

“ရတာပေါ့။ ဆိုင်တာဝန်ခံကန် လမ်းပြပေးပါဦး ...” မိုဝူကျီက အထဲဝင်ဖို့ရာ လက်ဟန်ပြလိုက်သည်။

ကန်ဟွာပိုင်က မိုဝူကျီကို ဒုတိယအထပ်မှ ဧည့်သည်အခန်းဆီ ခေါ်သွားပြီး ဆေးဝိညာဉ်လက်ဖက်ရည်ကြမ်း လုပ်ပေးရန် တစ်ယောက်ကို မှာကြားလိုက်သေး၏ “ကျုပ်က ဒီဆေးလုံးဆရာရဲ့ မူလဇစ်မြစ်ကို မသိသေးပါ့လား။ ဘယ်လိုများ ခေါ်ရမလဲ ... ”

မိုဝူကျီက လက်ခါပြလိုက်ပြီး ပြောလိုက်သည် “ကျုပ် အရင် လမင်းကိုးစင်းဆေးလုံးအိမ်တော်က ဆိုင်တာဝန်ခံနဲ့ အလုပ်လုပ်တုန်းက ဒီလိုကိစ္စတွေကို အရေးမထားဘူးဗျ။ အခု ကျုပ်ရှာနေတဲ့ လမင်းကိုးစင်းဆေးလုံးအိမ်တော်က ဘယ်ရောက်သွားတာလဲဆိုတာ သိရင် ကိုယ့်ဘာသာ သွားလိုက်ပါ့မယ် .... ”

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now