အခန်း (၂၆၀)

1.1K 171 1
                                    

လူသားသစ္စာ စာစဉ် (၁၉)
ဘာသာပြန်ဆိုသူ ..... ကြည်ဖြူ (ရိုးရာ)

အခန်း ၂၆၀

ကျန်းရှုရှန်းက အလွန်အမင်း စိတ်မသာမယာ ဖြစ်နေသော်လည်း သူက ထိုမကြည်လင်မှုကို မထုတ်ဖော်ခဲ့ချေ။

“ တျန်းဂျီ ဂိုဏ်းကို ဒီနေရာကို ဖိတ်ခေါ်တယ်ဆိုကတည်းက တျန်းကျီဂိုဏ်းက ပျောက်ဆုံးနယ်မြေကို အကျိူးပြုခဲ့တာကြောင့် ပဲလေ… ဒီမှာ ရှိတဲ့ ဂိုဏ်းတော်တော်များများက ပျောက်ဆုံးနယ်မြေအတွက် အကျိူးဆောင်ခဲ့ကြတဲ့ သူတွေချည်းပဲ ကွာခြားသွားတာက အကျိူးဆောင်မှု နည်းလားများလားဆိုတာပဲလေ….
ကျူပ်ကလည်း ဂိုဏ်းအားလုံးကို ပထမတန်းမှာ ထိုင်စေချင်ပါတယ်.. ဒါပေမဲ့ အကျိူးပြုခဲ့သူတွေ အများဆုံးက ရှေ့ဆုံးမှာ ထိုင်သင့်တယ်လေ … ကျူပ် မှတ်မိသလောက်ကတော့ တျန်းဂျီဂိုဏ်းက ဂိုဏ်းတစ်ရာ မဟာမိတ်အဆင့် ဇယားမှာ အဆင့် ၃၂၁ မလား။ အရောင်းအဝယ်ကနေရတဲ့အမှတ်တွေက နည်းတယ်လို့တော မဆိုလိုပါဘူး.. အဲ့တာကလည်း ပျောက်ဆုံးနယ်မြေကို အကျိူးပြုနေတာ ပဲလေ .. “

ကျန်းရှုရှန်း၏ စကားအရ တျန်းဂျီဂိုဏ်း ဤနေရာသို့ ရောက်ရှိလာခြင်းက ကံကောင်းမှု တစ်ခု ကြောင့်သာဟု ဆိုလိုနေချေသည်။ ထို့နောက် ကျန်းရှုရှန်းက မိုဝူကျီ ရှိရာဘက်သို့ကြည့်ကာ ပြောလိုက်သည်။

“ ကျူပ်တို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေ အရာ အဆင့်၃၀၀ကျော်ရှိတဲ့ ဂိုဏ်းတွေ အားလုံးက သုံးယောက်ပဲ တက်ခွင့် ရှိတာ မဟုတ်ဘူးလား… အခုကျူပ်မြင်နေရာတာ လေးယောက် ဖြစ်နေသလားလို့ …“

ထို့နောက် မိုဝူကျီက ပြောလိုက်သည်။

“ ဂိုဏ်းချူပ်ကျန်း ကျူပ်က အခု ဒီနေရာကို လက်လျော့လိုက်ရင် ခင်ဗျား ကျေနပ်ပြီ မလား .. “

မိုဝူကျီ၏ စကားများ သရော်မှုများ ပြည့်နှက်နေသည်။ သူက ကျန်းရှုရှန်းမှာ သူ့ကို မကျေနပ်သည်ကို သိပေသည်။ ကျန်းရှုရှန်းက မိုဝူကျီ နှင့် ရှင်းဟွမ် လက်ထဲတွင် ဖန်ကျီချင်း သေသွားသည်ကို မသိရှိသေးသော်လည်း ရှင်းဟွမ်နှင့် ရှင်းစရာ ကိစ္စများ ရှိသေးပေသည်။ ထို့ကြောင့် ကျန်းရှုရှန်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now