chapter 233 (z)

997 85 0
                                    

လူသားသစ္စာ စာစဉ် (၁၇)
ဘာသာပြန်ဆိုသူ ... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၃၃) : ဂိုဏ်းမှ ထွက်ခွာခြင်း

ပိုင်စုတင်းက မုတ်ဆိတ်ဖြူ အမျိုးသား ကာကွယ်သူ ရှုသည် လောအင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်ရမည်ဟု ယုံကြည်ရင်း  ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

ရှားမူက ဘာမှ မဖြစ်ခဲ့သည့်အလား ပြုံးကာ ပြောလိုက်သည် “ကျန်းမိုနယ်မြေရဲ့ ပထမဆုံး ကိစ္စက ထိပ်တန်းအဆင့်မှီတဲ့ တပည့်တွေကို ကျန်းမိုနယ်မြေမှာ ကျင့်ကြံဖို့ရာ လက်ခံပေးဖို့ပဲ ... ”

ထိုစကားကြောင့် မူလက စိတ်ဓာတ်ကျနေကြသည့် နန်းတော်ကား ပြန်လည် အသက်ဝင်လာလေသည်။ ဂိုဏ်းချုပ်များလည်း တီးတိုးကာ ဆွေးနွေးကုန်ကြသည်။

“သံတမန်ရှား .. ဒီအသစ်ခေါ်တဲ့ တပည့်တွေက ကြယ်တာရာဘုရင်တောင်မှာ ကျင့်ကြံဖို့  တိုက်ရိုက် အလွှတ်ခံရမှာလား ...”

ရှားမူက နှာခေါင်းရှုံ့လိုက်ကာ ‘ ကြယ်တာရာဘုရင်တောင်ကို ပို့ပေးရမှာလား ...’

ငါက အိမ်မက် မက်နေတာလား .. မင်းတို့က အိမ်မက် မက်နေတာလား .....

သို့သော်လည်း ပြုံးမြဲအတိုင်း ကျန်ရှိနေကာ ပြန်ဖြေလိုက်သည် “ဒီနေရာမှာ ရွေးချယ်ခံရတဲ့ ထိပ်တန်းတပည့်တွေကို  ကျန်းမိုနယ်မြေရဲ့ ရွေးချယ်ခံစာရင်းထဲ ထည့်ပေးမယ်။ ပါဝင်ကြသူထဲ ထိပ်တန်းတွေပဲ ကျန်းမိုနယ်မြေရဲ့ ဂိုဏ်းအကြီးကြီးတွေမှာ ဝင်ခွင့်ရကြလိမ့်မယ်။ ကြယ်တာရာဘုရင်တောင်ထိပ်ကို ဝင်ဖို့က အရမ်းတင်းကျပ်ထားတယ်။ တပည့်က နယ်မြေအတွက် လုံလောက်တဲ့ ပေးဆပ်မှုမျိုးရှိပြီးတော့ ထူးချွန်တဲ့ အရည်အချင်းတွေ လိုအပ်တယ် .... ”

ရှားမူ စကားများက ဂိုဏ်းချုပ်များကို စိတ်ဝင်စားမှု လျော့ကြစေမည့် အစား ပို၍ စိတ်လှုပ်ရှားစေသည်။ ကျန်းမိုနယ်မြေ ကျင့်ကြံခြင်း ဓလေ့နှင့် ဗဟုသုတများမှာ ပျောက်ဆုံးနယ်မြေထက် သာလွန်လှ၍ သူတို့က တခြားဂိုဏ်းကို ဝင်ခွင့်ရလျှင်ပင် စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းနိုင်ဖို့ရန်က ဂိုဏ်းချုပ် တစ်ယောက်အတွက် လုံလောက်သော အောင်မြင်မှုမျိုး ဖြစ်၏။

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now