အခန်း (၂၆၅)

1.1K 150 1
                                    

လူသားသစ္စာ စာစဉ် (၁၉)
ဘာသာပြန်ဆိုသူ  ..... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၆၅) : တံခါးပိတ် ကျင့်ကြံခြင်း

မိုဝူကျီက စကားလုံးမဲ့ ဆေးနည်းစာအုပ်ကို ထုတ်ယူပြီး ရှန်းပိုင်ချီဆီ ပေးလိုက်ကာ

“ဆေးလုံးဆရာရှန်း ထွက်သွားလို့ ရပါပြီ။ ရှန်းလျဲ့က ခင်ဗျား သမီးဆိုတော့ ဘယ်လိုအပြစ်ပေးချင်တာက ကျုပ်အပေါ် မူတည်မနေပေမဲ့ အကြံလေးတစ်ခု‌တော့ ပေးချင်တယ် ခင်ဗျား အရေးထားတာ မထားတာက ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ တကယ်လို့ ခင်ဗျားသမီးက အမှားအသေးလေး လုပ်မိတာဆိုရင်တော့ သူမကို ပိတ်လှောင်မထားသင့်ဘူး ... ”

ရှန်းပိုင်ချီက ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေသည်။ သူက အစပိုင်းတွင် မိုဝူကျီကို စကားလုံးမဲ့ ဆေးနည်းစာအုပ်အကြောင်း မေးမြန်းချင်သော်လည်း ကြည့်ရသည်မှာ မဟာမိတ်ခေါင်းဆောင်က သူနှင့် စကားဆက်ပြောချင်ဟန် မရှိပေ။ ကျင့်ကြံဆင့်နှင့် ပတ်သတ်လာလျှင် သူက မိုဝူကျီထက် များစွာရှေ့ရောက်သော်လည်း အဆင့်အတန်း၊ အနေအထားနှင့် ယှဉ်လျှင် သူက မဟာမိတ်ခေါင်းဆောင်မိုနှင့် အလှမ်းကွာလှပေသည်။ ရှန်းလျဲ့က သူ အသက်စွန့်၍ ရယူထားရသော စကားလုံးမဲ့ ဆေးနည်းစာအုပ်ကို ယူသွားလေသည်။ ထိုသည်က ရိုးရှင်းသည့် အမှားတစ်ခု ဖြစ်နေမလား ....

“ကျုပ်တို့ သွားလိုက်ပါဦးမယ် ...” မိုဝူကျီက သူတို့ကို စကားမပြောချင်တော့သောကြောင့် ရှန်းပိုင်ချီက စကားလုံးမဲ့ ဆေးနည်းစာအုပ်ကို သိမ်းဆည်းကာ နှုတ်ဆက်လိုက်လေသည်။ ထိုစကားလုံးမဲ့ ဆေးနည်းစာအုပ်က သူ့သမီးပေးလိုက်သည့်အရာ ဖြစ်သော်လည်း သူက ပြန်လိုချင်မိ၏။ မည်သို့ အမြင်မှ ကြည့်စေကာမူ သူက သူ့သမီးမျက်နှာ ပျက်အောင် ပြုလုပ်မိခဲ့လေသည်။ ထို့ကြောင့် သူအတွက် မိုဝူကျီနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့ရာအတွက် အချိန်ကောင်း မဟုတ်သေးပေ။

မိုဝူကျီက ရှန်းပိုင်ချီ ပြောချင်သည့် အကြောင်းအရာကို မည်သို့မသိဘဲ နေမည်နည်း။ စကားလုံးမဲ့ ဆေးနည်းစာအုပ်သည် ဒဏ္ဍာရီလာ စာအုပ် ဖြစ်ကာ ကံမဆက်စပ်ပါက လက်ထဲတွင် စာအုပ်ရှိနေလျှင်ပင် အသုံးမဝင်ပေ။ ထို့အပြင် မိုဝူကျီက စာအုပ်တစ်အုပ်လုံးကို ဖတ်ရှုပြီးသည့်အတွက် ရှန်းပိုင်ချီက ပြန်ယူသွားလျှင်ပင် ကိစ္စမရှိတော့ပေ။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now