chapter 283 (z)

816 79 0
                                    

လူသားသစ္စာ စာစဉ် (၂၁)
ဘာသာပြန်ဆိုသူ ...  ကြည်ဖြူ (ရိုးရာ)

အခန်း (၂၈၃)  : လခြမ်းကွေးသော့

ရှုန်းရှင်းထန်က ချက်ချင်း ပြောလိုက်လေ၏  “ ကျုပ်က ကြယ်တာရာတိုက်ပွဲမှာ ပါချင်တာ ကြာလှပြီ။ အခွင့်အရေး လုံးဝမရခဲ့လို့သာ ...  နေရာတိုင်းမှာ ပုန်းလျိုးကွယ်လျိုး နေပြီး အရှက်ရသေဖို့က ကျုပ် ရှုန်းရှင်းထန် ဖြစ်ချင်တာ မဟုတ်ဘူး .. ”

ရုန်ဟယ်က ခေါင်းညိတ်ပြလိုက်ပြီး  “ ကျမကတော့ စီနီယာအစ်ကိုကြီး စကားနားထောင်ပါ့မယ်။ အစ်ကိုကြီး ဘယ်နေရာ သွားသွားလိုက်ပါ့မယ် ... ”

“ သွားကြမယ် ..” ဖန်းချီက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောလိုက်ပြီး မိုဝူကျီဘက် လှည့်ကာ “ မိတ်ဆွေ ဒီလိုဆိုမှတော့ ကျုပ်တို့တွေ နှုတ်ဆက်ပါတယ်။ နောင်ကျ ကြယ်တာရာတိုက်ပွဲမှာ ပြန်တွေ့ဦးမှာပါ ... ”

မိုဝူကျီက နားမလည်စွာ ပြောလိုက်သည်  “ ခင်ဗျားတို့လည်း ကြယ်တာရာတိုက်ပွဲကို သွားမှာဆိုတော့ ကျုပ်တို့က အတူတူပဲ မဟုတ်ဘူးလား ... ”

လက်တွေ့တွင် မိုဝူကျီက ကြယ်တာရာတိုက်ပွဲနေရာကို မသိသေးပေ။ တစ်ဖက်လူက တည်နေရာတူ သွားမည် ဖြစ်ကာ သူက တခြားသူကို သွား၍ လိုက်မမေးနေတော့ပေ။

“ အစ်ကို ကျမတို့က ကျင်းမျိုးနွယ်စုက လူတွေနဲ့ ရန်စရှိထားတာဆိုတော့ အတူတူ သွားရင် ပါဝင်ပတ်သတ်သွားမှာ စိုးလို့ပါ ... ”ရုန်ဟယ်က ဘေးမှ ရှင်းပြလိုက်သည်။

မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး “ ကျုပ် တာအိုလမ်းစဉ်ကို လျှောက်ကတည်းက ပါဝင်ပတ်သတ်တဲ့ ကိစ္စကို ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဖူးဘူး။ ကျုပ်နဲ့ ရန်စရှိတဲ့သူတွေက ကျင်းမျိုးနွယ်စုထက် ပိုအင်အားတောင့်တယ်။ ခင်ဗျားတို့ စိုးရိမ်ရင်တော့ ကျုပ်ကို ကြယ်တာရာတိုက်ပွဲ တည်နေရာကိုပဲ ပြောပြပေးပါ။ ကျုပ်ဘာသာ သွားပါ့မယ် ... ”

ဖန်းချီကလည်း စိတ်လိုလက်ရ ရယ်မောလိုက်ပြီး “ အဲလိုဆိုမှတော့ ဘာမှ စိုးရိမ်မနေနဲ့တော့ဗျို့။ အားလုံး အတူတူသွားကြမယ်။ ဒါနဲ့ ဟုတ်သား ကျုပ်တို့က ဒီကမိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ ... ”

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now