အခန်း (၂၆၆)

1.1K 157 0
                                    

လူသားသစ္စာ စာစဉ် (၁၉) ပြီးပါပြီနော်
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၆၆) : သူတို့ အမှန်တကယ် ရောက်ရှိလာခြင်း

“ဘယ်လက်ရုံးရှင်း ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ပြီးတော့ အစိမ်းတိမ်တိုက် ခံတပ်သခင် ရှန်းပိုင်ချီ အသတ်ခံလိုက်ရပြီ ...” စန်ယီပင်းက အလောတကြီး ပြောလိုက်လေသည်။

“ဘာ ...” မိုဝူကျီ မျက်နှာက ပြောင်းလဲသွားလေသည် “လက်ရုံးရှင်းက ဘယ်မှာလဲ။ ဘယ်သူ့လက်ချက်လဲ။ နယ်ခြားကျင့်ကြံသူတွေ ထပ်ကျူးကျော်လာပြန်ပြီလား ...”

ရှင်းဟွမ်က စစ်မှန်ခြင်း နတ်ဘုရားအဆင့်မှ ကျင့်ကြံသူ ဖြစ်ကာ သူက ဒဏ်ရာအပြင်းအထန် ရရှိသွားသည်လား။ ရှင်းဟွမ်ကို ဆိုမထားနှင့် ရှန်းပိုင်ချီတွင်ပင် အံ့အားသင့်စရာ ကျင့်ကြံဆင့် ဖြစ်သည့် စစ်မှန်ခြင်းနတ်ဘုရားအဆင့်သို့ ရောက်နေနိုင်ပေသည်။ မည်သို အသတ်ခံရသနည်း။

စန်ယီပင်းက အသက်ဝအောင် ရှုရှိုက်ရင်း စိတ်ပူပန်စွာဖြင့် ပြောလိုက်သည် “အဲဒါက ကျန်းမိုနယ်မြေက ကျင့်ကြံသူ လက်ချက်ကြောင့်ပါ။ သူက လောကအင်မော်တယ် အဆင့် ရောက်နေတဲ့ ဂူချီပဲ။ သူ ရောက်လာတာနဲ့ စီနီယာအစ်ကိုကြီးကို သွားခေါ်ဖို့ အမိန်ပေးတာ ...”

မိုဝူကျီက လေအေးများ မှုတ်ထုတ်လိုက်လေသည်။ ကျန်းမိုနယ်မြေ ကျင့်ကြံသူ ရောက်လာမည်ကို သူ အကြောက်ရွံ့ဆုံး ဖြစ်လေသည်။ သူ၏ တံခါးပိတ် ကျင့်ကြံမှုသည် ယွမ်ဒန်အဆင့် ၂ မှ အဆင့် ၁၀ အထိသာ ရောက်ရှိလာစေသည်။ လောကအင်မော်တယ်အဆင့်နှင့် မိုင်ပေါင်းကုဋေကဋာ ကွာခြားလှပေသည်။

“သူက ကျုပ်ကို တွေ့ချင်လို့ လက်ရုံးရှင်းကို တိုက်ခိုက်တာကို နားလည်တယ်။ ဒါပေမဲ့ ရှန်းပိုင်ချီကို ဘာလို့ သတ်ပစ်တာလဲ ...” မိုဝူကျီက တည်ငြိမ်လာလေသည်။

ဘေးတွင် ဖူချန်းက သက်ပြင်းချလျက် “ရှန်းပိုင်ချီကို သူ့ခံတပ်က လူက သစ္စာဖောက်သွားတာ။ ပြောကြတာတော့ သူ့မှာ စကားလုံးမဲ့ဆေးနည်းစာအုပ်ရှိလို့တဲ့။ ဂူချီက သခင်ရှန်းကို စာအုပ်ပေးခိုင်းပေမဲ့ သခင်ရှန်းက လုံးဝသဘောမတူဘူး။ အဲဒါကြောင့် ဂူချီက သတ်ပစ်လိုက်တာ ပြီးတော့ သူ့သိုလှောင်လက်စွပ်တောင် ယူသွားသေးတယ် ... ”

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now