chapter (202) (Z)

1.5K 97 0
                                    


အခန်း (၂၀၂) : ထျန်းဂျီဂိုဏ်း၏ သင်ကြားမှု

ယန်မြို့တော် ထျန်းဂျီဂိုဏ်း ယာယီစခန်း

လူအများက အတူတကွထိုင်နေကြပြီး သူတို့မျက်နှာ အမူအယာများက လေးနက်နေလေသည်။ ထျန်းဂျီဂိုဏ်း ပထမအကြီးအကဲ ဝမ်ကျန်းဝေအပြင် ဂိုဏ်းချုပ် တုရှီချင်း၏ အကြီးဆုံးတပည့် ဖန်ချူကျီနှင့် တုရှီချင်း၏ နောက်ဆုံးတပည့်လည်း ဖြစ်ပြီး မွေးစာသမီးလည်း ဖြစ်သည့် စန်ယီပင်းလည်း ပါဝင်၏။

"ဂိုဏ်းခေါင်းဆောင် ယန်မြို့တော်ကနေ ထွက်သွားတာ ခြောက်လတောင် ရှိနေပြီ။ သူ့ဆီက ဘာသတင်းမှလည်း မကြားသေးဘူး။ ကြည့်ရတာ ဂိုဏ်းချုပ်တုတော့ ကျဆုံးသွားပြီ ထင်တယ် ... " ပထမအကြီးအကဲက တုရှီချင်းထက် အနည်းငယ် ပိုငယ်ဟန် ပေါ်သည်။ သို့သော် လက်တွေ့တွင် သူ့အသက်က တုရှီချင်းထက် များစွာကြီးလေသည်။ ထိုစဉ် သူ့အသံက စိတ်ပျက်အားငယ်ဖွယ် ဖြစ်နေလေသည်။

"မဖြစ်နိုင်လောက်ပါဘူး ..." စန်ယီပင်းက ရုတ်တရပ် ထပြောလိုက်သည် "လွန်ခဲ့တဲ့ လအနည်းငယ်က ဆရာက စာတစ်စောင် ပို့လိုက်တယ် သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ဆီက ဖိတ်ကြားချက် ရတယ်လို့ ပြောတယ်။ ကျွန်မ ထင်တာတော့ ဆရာနဲ့ ၂၇၀၅တို့က ကျင့်စဉ်ကို လေ့လာနေရင်းနဲ့ အားလုံးမေ့သွားတာ ဖြစ်နေနိုင်တယ် ... "

ဝမ်ကျန်းဝေက လေးလေးနက်နက် ပြောလိုက်သည် "၂၇၀၅ကို မမြင်ရတာ တစ်နှစ်လောက် ရှိနေပြီ။ ပြီးတော့ သူက ငါတို့ထျန်းဂျီဂိုဏ်းချုပ်နဲ့ တွေ့ဖို့ မလိုဘူးလေ။ တကယ်လို့ တခြားတစ်ယောက်ဆိုရင် အင်မော်တယ် မော်တယ် ကျင့်စဉ် လျို့ဝှက်ချက်ကို သိပြီးပြီဆိုရင် ငါတို့ထျန်းဂျီဂိုဏ်းကို ပြောနေပါ့မလား ...  တကယ်လို့ သူက လျို့ဝှက်ချက်တွေ မဖော်နိုင်ခဲ့ဘူးဆိုရင် ငါတို့ထျန်းဂျီဂိုဏ်းကို ရှာနေပါ့မလား ... ငါတို့ဂိုဏ်းသာ ကျင့်စဉ်နောက်ကွယ်က လျို့ဝှက်ချက် သိခဲ့ရင် အဲလိုအမှတ်နဲ့လဲလှယ်တဲ့ အထဲ ရောက်သွားမှာ မဟုတ်ဘူး ... "

"၂၇၀၅က သူ နားမလည်တဲ့အပိုင်းရှိလို့ ထျန်းဂျီဂိုဏ်းခေါင်းဆောင်ကို ဖိတ်ပြီးတော့ ဆွေးနွေးတာများ ဖြစ်နေမလား ... ဒါမှမဟုတ် လျို့ဝှက်ချက်ကို ဖော်နိုင်ပြီးတော့ သူ့မှာ တခြားမကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာလား ..." နောက်ထပ် အကြီးအကဲတစ်ယောက်က ဝင်ပြောလိုက်သည်။

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now