chapter 278 (z)

897 87 0
                                    

လူသားသစ္စာ စာစဉ် (၂၁)
ဘာသာပြန်ဆိုသူ ....  ကြည်ဖြူ (ရိုးရာ)

အခန်း (၂၇၈) : ပျောက်ဆုံးကောင်းကင်မြို့ပျက်မှ အန္တရာယ်

မိုဝူကျီက မာန်ဖီလေဟုန်သားရဲများသည်  ဤနေရာ၌ တိုက်ခိုက်နေမှန်း သိသည့်အတွက် သူတို့ လုနေသည့် ရတနာမှာ အနီးအနားဝန်းကျင်သာ ရှိလိမ့်မည်။ သူတို့က ဤနေရာ ပျက်စီးမှု မဖြစ်စေရန် အဝေးသွားတိုက်ခိုက်ကြခြင်း ဖြစ်နိုင်ပေသေးသည်။ ထို့ကြောင့် ရတနာမှာ ဤအနီးအနားမှာသာ ရှိရမည်။

မိုဝူကျီက ချက်ချင်းဆိုသလို လေပြင်းများထွက်ပေါ်လာသည့် လမ်းကြောင်းကို နောက်ကြောင်းလိုက်ကြည့်သည့်အခါ အမွေးတိုင်တစ်ဝက်အကြာတွင် ဝိညာဉ်စွမ်းအားများနှင့် သိပ်သည်းနေသော တောင်စောင်းကို တွေ့လိုက်ရသည်။ တောင်စောင်းကား မတ်စောက်ခြင်းမရှိဘဲ စိမ်းလန်းစိုပြေနေပြီး ကျတ်တီးမြေ ပျောက်ဆုံးကောင်းကင်မြို့နှင့် ဆန့်ကျင်ဘက် ဖြစ်နေလေ၏။

သို့သော် ဤနေရာတွင် ဘာမျှ မရှိချေ။ မိုဝူကျိက သူမှားမြင်မိတာလားဟုပင် စိုးရိမ်မိလာ၍ စိတ်စွမ်းအား ထပ်ကာ ထပ်ကာ သုံးရင်း ရှာဖွေလိုက်သည်။ မြေအောက်ထဲ အထိပင် ရှာဖွေလိုက်သေးသည်။ သို့သော်လည်း တစ်ခါမျှ မတွေ့ပေ။ ဤနေရာတွင် တစ်ခုခု ရှိနေသည့်အလား တောင်စောင်းထိပ်တွင် ကျောက်တုံးကြီး နှစ်တုံး ရှိနေပြီး ဂူနှင့်တူလှလေသည်။

ထိုဂူမှာ မာန်ဖီလေဟုန်သားရဲ တစ်ကောင်ပိုင်ဆိုင်သည့် ဂူဖြစ်ကြောင်း  မေးခွန်းထုတ်စရာမလိုချေ။

ဤနေရာကို မာန်ဖီလေဟုန်သားရဲ တစ်ကောင် အပိုင်သိမ်းထားသော်လည်း နောက်တစ်ကောင်က လုယူရန် ရောက်လာ၍ သူတို့လုယူနေသည့် အရာမှာ အမှန်တကယ် တစ်ခုခု ဖြစ်မည်မှန်း ညွှန်ပြနေသည်။

အဝေးမှ မာန်ဖီသံများက  နောက်တစ်ကြိမ် ပျံ့လွှင့်လာလေသည်။  ကြည့်ရသည်မှာ မာန်ဖီလေဟုန်သားရဲမှာ မကြာခင် ပြန်ရောက်လာတော့မည့် အရိပ်အယောင် ရှိနေလေပြီ။

လုံးဝန်းသင်္ဘောပျံကို ထုတ်ယူလိုက်လေသည်။ သူက ရတနာကို ရှာမတွေ့မှတော့ သူနှင့် ကံမစပ်၍သာ ဖြစ်ရမည်။ ထို့ကြောင့် အကောင်းဆုံးလှုပ်ရှားမှုမှာ မာန်ဖီလေဟုန်သားရဲ ပြန်ရောက်မလာမီ ထွက်သွားရန် ဖြစ်လေသည်။

လူသားသစ်စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now