အခန်း (၂၅၅)

1.1K 166 0
                                    

လူသားသစ္စာ စာစဉ် (၁၉)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၅၅) : တျန်းဂျီဂိုဏ်း၏ ဝိညာဉ်စွမ်းအား ပိတ်လှောင်ရေး အစီအရင်အား ပြန်ဖွင့်ခြင်း

စန်ယီပင်းက အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ပြီး တောင်ခွဲမြေပုံကို ထုတ်ကာ ရှင်းဟွမ်ဆီ ပေးလိုက်လေသည်။

“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်။ ကျုပ် အနီးဆုံးနေရာပဲ ရွေးပါ့မယ်။ ဒီတောင်ခွဲက အနီးအနားဆိုတော့ နောင်ကျ အလုပ်အတူတူ တွဲလုပ်ဖို့ ပိုအဆင်ပြေလိမ့်မယ် ...” ရှင်းဟွမ်က မြေပုံကို ယူကာ တျန်းဝူတောင်ကို ကြည့်ရင်း ပြောလိုက်သည်။

ရှင်းဟွမ်က သူ့တောင်ထိပ် ရွေးချယ်ပြီးသည်ကို မြင်၍ မိုဝူကျီက စန်ယီပင်းကို ပြောလိုက်လေသည် “ယီပင်း ... ဘက်လက်ရုံး ရှင်းကို တျန်းဝူတောင်ထိပ်ဆီ ခေါ်သွားပေးလိုက်။ ငါက ဘယ်လက်ရုံးရှင်း တစ်လအတွင်း  စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းနိုင်ဖို့ ဝိညာဉ်စွမ်းအား စုစည်းခြင်း အစီအရင်ကို သွားအသက်သွင်းလိုက်ဦးမယ် ...”

မိုဝူကျီက သူသာ ဝိညာဉ်စွမ်းအား လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ပါက ရှင်းဟွမ်က ထိုအခွင့်ကောင်းကို လက်လွတ်ခံမည် မဟုတ်ကြောင်း ယုံကြည်သည်။ ရှင်းဟွမ်လို အလိုက်ဖမ်းခံနေရသော်လည်း ကောင်းကင်ဖွေရှာနန်းတော်တွင် တစ်နှစ်တာလုံး ပုန်းကွယ်နေ၍ ပစ္စည်းများ ပြုလုပ်နေသည့် လူတစ်ယောက်အတွက် ဖော်မပြတတ်လောက်အောင်အထိ ချမ်းသာပေလိမ်မ့ည်။

သူ ချမ်းသာချင်လာသည့် အကြောင်းအရင်းမှာလည်း သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်ထားခြင်းသာ ဖြစ်၏။ မိုဝူကျီက သူသည် ထိုပြင်ဆင်မှုများကို လုပ်ဆောင်ထားသည်မှာ ကြာလှပြီ ဖြစ်ကြောင်း ခန့်မှန်းမိသည်။ အကယ်၍ ရှင်းဟွမ်တွင် စစ်မှန်ခြင်း နတ်ဘုရားပန်းရှိနေပြီး စစ်မှန်ခြင်းနတ်ဘုရားအဆင့် မတက်လှမ်းနိုင်သေးသည်ဆိုလျှင် သူ့အတွက် တိုးတက်မည့်အခွင့်အလမ်းနည်းပါးသွားပြီ ဖြစ်ကြောင်း ပြောနိုင်လေသည်။

စစ်မှန်ခြင်း နတ်ဘုရားအဆင့်သို့ တက်လှမ်းဖို့ရန် စစ်မှန်ခြင်း နတ်ဘုရားပန်းကို အသုံးပြုလျှင်ပင် အောင်မြင်မှု ရာနှုန်းပြည့် မဟုတ်သေးပေ။ အမှန်တော့ အောင်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်သာ ရှိလေ၏၊ နှစ်များစွာ ပြင်ဆင်လာပြီးနောက် သူ့အောင်မြင်မှု ရာခိုင်နှုန်းက နှစ်ဆတိုးသွားကာ တစ်ဝက်အောင်မြင်နိုင်ချေ ရှိလေ၏။ အကယ်၍ တျန်းဂျီဂိုဏ်းအတွင်း ပိတ်လှောင်ထားသည့် ဝိညာဉ်စွမ်းအားများက ကောင်းကင်တခွင် ပြန့်နှံ့သွားပါက သူ့အောင်မြင်နိုင်နှုန်း တိုးလာနိုင်ပေသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now