အခန်း (၂၉၈)

1.1K 171 0
                                    

လူသားသစ္စာ စာစဉ် (၂၂)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၉၈) : ရှင်က သူ မဟုတ်ဘူး

ချိန်စုယင်ကို ကြည်လင်ကျောက်စိမ်းဆေးလုံး တိုက်ကျွေးရသည်က ခြားနားလှသည်။ ဆေးလုံးတိုက်ပြီးသည့်နောက်တွင် ချိန်စုယင်က မိုဝူကျီအား ဆေးလုံးအာနိသင်ပြစေရန် မွမ်းမံရန် လိုအပ်ပေသည်။ အဆုံးမဲ့ဝိညာဉ်တာရှည်ခံပန်းမှာ ချိန်စုယင် ပါးစပ်ထဲ ရောက်သွားသည်နှင့် အရည်ပျော်သွားလေသည်။

မိုဝူကျီက ချိန်စုယင်ကို အကြမ်းဖျင်း လေ့လာကြည့်လိုက်သည်။  အမွေးတိုင် တစ်ဝက်ကုန်ချိန်လောက်တွင် မိုဝူကျီက ချိန်စုယင် အသက်ဓာတ်မှာ ပြန်လည် ပြည့်ဝလာကြောင်း ခံစားမိလိုက်သည်။

နှစ်နာရီအကြာတွင် ချိန်စုယင်ဆီမှ သွေးခုန်နှုန်းကို ပြန်လည် ခံစားမိလာသည်။

မိုဝူကျီက ချိန်စုယင်၏ အားအင်များ ပြန်ရောက်လာကြောင်း မသေချာသော်လည်း သူမ အသက်ရှင်မည်ကိုတော့ သေချာလေသည်။

တစ်ရက်တာ ကုန်ဆုံးသွားလေသည်။ ချိန်စုယင်၏ အသက်ရှုနှုန်းမှာ တည်ငြိမ်လာလေသည်။ သူမက သူမကိုယ်သူမက ပြန်လည်ထိန်းညှိထားသလို ဖြစ်လာသည်။ မိုဝူကျီက ချိန်စုယင် တစ်ယောက်  ဝိညာဉ်စွမ်းအားများ စုပ်ယူခြင်းကို မခံစားမိသေးချေ။ သူမက ဝိညာဉ်စွမ်းအားများ မစုပ်ယူနိုင်သေးဘဲ ခုခံအားပြန်လည်ရရှိလာရုံသာ ဖြစ်လေသည်။ သူက စိတ်သက်သာရာ သက်ပြင်းချမိလိုက်တော့သည်။

“ ကျေးဇူးတင်ပါတယ် ဂျူနီယာမို ... ” ချိန်စုယင် မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာကာ အသံမှာ ချိနှဲ့နေဆဲ ဖြစ်သည်။

“ စီနီယာချိန် ....  ကျုပ် ခင်ဗျားနိုးလာတာကို စောင့်နေတာ။ ကျုပ် ကယ်ခဲ့တာ မဟုတ်ဘူးနော်။ ခင်ဗျား ထာဝရအိပ်မောကျနေမှာစိုးလို့ ကူခဲ့တာလေးပဲ ... ” မိုဝူကျီက အလျှင်အမြန် ဝင်ဖြေလိုက်သည်။

ချိန်စုယင်က သူ့ဆိုလိုရင်းကို သိ၏။ အကယ်၍ သူမ သတိပြန်လည်လာသည့်အခါက ဝိညာဉ်စွမ်းအားများကို မကျင့်ကြံလျှင် သူမက သတိမေ့မြောနေသည်နှင့် ကွာခြားမည် မဟုတ်ပေ။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now