အခန်း (၂၅၉)

1.1K 169 1
                                    


လူသားသစ္စာ စာစဉ် (၁၉)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ )

အခန်း (၂၅၉) :  မိုဝူကျီ၏ နည်းလမ်းများ

“ သူ့ကို သတ်ပစ်…“

“ အထွတ်အထိပ် ဓားမြို့တော်ကို သုတ်သင်ပစ် …“

ဂျင်ဖေးလန်က အမှန်တရားကို ထုတ်ဖော်လိုက်သည်နှင့် လူအုပ်ကြီးက ဒေါသ ထွက်လာကြပြီး အထွတ်အထိပ် ဓားမြို့တော်မှာ တုန့်မျိူးနွယ်စုအား သုတ်သင်ပစ်ရန် တောင်းဆိုသံများ ထွက်ပေါ်လာခဲ့သည်။ တုန့်လောင်ဟွား၏ မျက်နှာက စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူလျော့သွားသည်။

သူ၏ တုန်ု့မိသားစုမှာ အလွန်အမင်းအားကောင်းသည် မှန်သော်လည်း စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ မရှိသေးချေ။

သူတို့က ဝိညာဉ်ကြော ကူးပြောင်းသည့် နည်းလမ်းကိုရရှိ ခဲ့သည့်အချိန်မှ စ၍ သူတို့တုန့်မျိူးနွယ်စု အားလုံးကား အသာလွန်ဆုံးဝိညာဉ်ကြော ရှိသူများ ဖြစ်လာခဲ့ကြသည်။ သို့သော် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်မှ ထိုထဲမှ ပေါ်ထွန်းလာခြင်း မရှိခဲ့သေးချေ။ ထို့ကြောင့် တုန့်မျိူးနွယ်စုက တိတ်တဆိတ်သာ ကြံစည်ခဲ့ရသည်။ အကယ်၍ သူတို့ တုန့်မျိူးနွယ်စုတွင် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူသာ ရှိပါက ဖြစ်ပျက်လာမည့် အန္တရာယ်များကို ကြောက်ရွံ့နေစရာ မလိုချေ။

ဖုန်းကျန့်ချိူး၏ အမူအရာ မည်းမှောင်သွားပြီး အကြောက်တရားကြောင့် တုန်လှုပ်နေသည့် တုန့်မင်ကျီကို ဆွဲကာ ဝိညာဉ် စစ်ဆေးရေး ကိရိယာကို ထုတ်လိုက်သည်။

ထို့နောက် တစ်ချက် တည်းဖြင့် တုန့်မင်ကျီက ထိုအပေါ်သို့ ရောက်ရှိသွားသည်။ ထိုအရာများက သူအရင်မြင်ဖူးသည့် ကိရိယာများနှင့် ခြားနားကြောင်း မိုဝူကျီ သတိပြုမိလိုက်သည်။ ထိုအရာတွင် သလင်းကျောက်တိုင် နှစ်ခုပါရှိပြီး တစ်ခုမှာ နောက်၌ ရှိကာ နောက်တစ်ခုက စောင်းလျက်တည်ရှိနေသောကြောင့် Yပုံသဏ္ဍာန် ကဲ့သို့ပင် ဖြစ်နေချေသည်။

ဖုန်းကျန့်ချိူးက ထို ဝိညာဉ် ကြောစစ်ဆေးရေး ကိရိယာကို နှိပ်လိုက်သည့် အခါ တုန့်မင်ကျီနောက်မှ သလင်းကျောက်တိုင် နှစ်ခုက လင်းလက်လာသွားပြီး ထိုလင်းလက်နေသော အရောင်မှာ မြေဝါရောင်ဖြစ်၏။ ထိုအလင်းများက မတ်လျက်ရှိသော သလင်းကျောက်တိုင်တွင် နှစ်လက်မခန့်သာ မြင့်တက်သွားပြီး စောင်းလျက်ရှိသော သလင်းကျောက်တိုင်တွင်မူ ရွှေရောင်အလင်းများ တောက်ပသွားပြီး ထိပ်ဆုံးအထိ မြင့်တက်သွားပေသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now