အခန်း (၂၇၅)

1.1K 152 0
                                    

လူသားသစ္စာ စာစဉ် (၂၀)
ဘာသာပြန်ဆိုသူ .... ကြည်ဖြူ (ရိုးရာ)

အခန်း (၂၇၅) : ပညာရှင်နှလုံးသားကို ပြောင်းပြန်မွမ်းမံခြင်း

ပညာရှင်နှလုံးသားမှာ အလွန်အားကောင်းသည့်အတွက် ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့ မည်သူပင် ဖြစ်စေကာမူ သူတို့က သူတို့အကာအကွယ်ထဲ ဝင်လာသည့် ပညာရှင်နှလုံးသား အစိတ်အပိုင်းလေးကိုသာ ဖြည်းဖြည်းချင်း မွမ်းမံနိုင်ကြလေသည်။ အပြင်ဘက်ရှိ အခြေအနေအရ နှစ်ယောက်လုံးတွင် စစ်ဆေးကြည့်ဖို့ရာ စွမ်းဆောင်ရည် မရှိကြပေ။

ထို့ကြောင့် မိုဝူကျီက တိုက်ပွဲထဲ ဝင်သွားပြီး ပညာရှင်နှလုံးသားကို စတင်မွမ်းမံသည့်အခါ ဖုန်းကျဲနှင့် ဖန်ကျန်းတျန်းတို့က လုံးဝကို သတိမမူမိပေ။

မိုဝူကျီက စတင်မွမ်းမံသည့် အခိုက်အတန့်တွင် ဆုံးဖြတ်ချက် မှန်ကန်စွာ ချမိကြောင်း သိလိုက်သည်။ အင်မော်တယ်မော်တယ် ကျင့်စဉ်ကို အသုံးပြု၍ ပညာရှင်နှလုံးသားကို မွမ်းမံခြင်းက ဖားကို ရေနွေးနွေးလေးနှင့် ချက်နေသည်နှင့် တူလှသည်။ ရုတ်တရက် ဖြစ်ပေါ်လာသည့် တုံ့ပြန်မှု မရှိပေ။ အင်မော်တယ် မော်တယ်ကျင့်စဉ်က ပညာရှင်နှလုံးသားကို သူ့လှည့်ပတ်လမ်းကြောင်းဆီ ဆွဲခေါ်ပေးသဖြင့် လှည့်ပတ်မှုအားလုံးက ပညာရှင်နှလုံးသား မီးတောက်စွမ်းအားရရှိပြီး မိုဝူကျီထဲ စီးဝင်သွားလေသည်။

အစပိုင်း၌ အအေးနှင့် အပူရောစပ်သွားသည့်အခါ မိုဝူကျီက ကြောက်ခမန်းလိလိ နာကျင်မှုကို ခံစားနေရဆဲဖြစ်သည်။ သို့သော် အဆုံးသတ်တွင် သူက ထိုညှင်းပန်းနှိပ်စက်မှုကို ဆက်ခံစားစရာ မလိုတော့ပေ။ အင်မော်တယ်မော်တယ် ကျင့်စဉ်ဖြင့် အစိမ်းရောင်စွမ်းအားများ လှည့်ပတ်နှုန်းမှာ ပို၍ပင် မြန်ဆန်လာကာ သူ့မွမ်းမံသည့်နှုန်းမှာလည်း ပို၍ တိုးတက်လာပေသည်။

အချိန်ကုန်ဆုံးသွားသည်နှင့် သူ့ခန္ဓာတွင် အစိမ်းရောင်မီးတောက်ငယ် အလုံးလေး စုစည်းပြီးသွားလေပြီ။ သူက ပညာရှင်နှလုံးသားကို အပြည့်အဝ မွမ်းမံပြီးသွားပြီ ဖြစ်၏။ အပြင်ဘက်တွင် ရှိနေသော အစိမ်းရောင်စွမ်းအားများကို သူ့ အင်မော်တယ်မော်တယ် ကျင့်စဉ်က ဆက်တိုက်ဝါးမျိုလိုက်ပြီး ဖြည်းဖြည်းချင်း သူ့ခန္ဓာထဲ ပေါင်းစပ်သွားစေသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now