အခန်း (၂၀၈)

1.3K 180 0
                                    


အခန်း (၂၀၈) : သိမ်မွေ့အမဲလိုက်သုံးဖော်

နောက်ကျောတွင် မြိန်းလက်နက် ချိတ်ဆွဲထားသည့်  အနီရောင်ဝတ်ရုံနှင့် ခြေတံရှည်အမျိုးသမီးတစ်ဦးက ရှေ့ထွက်လာကာ မိုဝူကျီကို ခြုံငုံ ကြည့်လိုက်ပြီး ပြောလိုက်သည် "မိတ်ဆွေက ဘယ်ကို ဦးတည်နေတာလဲ .. "

 သူမ ဝတ်ရုံမှာ သွေးများ ပေစွန်းနေပြီး လည်ပင်းတွင်လည်း သွေးရာများ ကျန်ရှိနေသည်။ အကြည့်နှင့်တင် သူမက ခရီးတစ်လျှောက် တိုက်ပွဲများစွာကို ဆင်နွဲလာရမှန်း သိ၏။

မိုဝူကျီက ပြန်ဖြေလိုက်သည် "ကျုပ်က ဝူရှုးစီရင်စုကို ဦးတည်နေတာပါ .. လမ်းကို သိလား ... "

အမျိုးသမီး အရှေ့အရပ်ကို ညွန်ပြလိုက်ပြီး "ဒီအတိုင်း တည့်တည့်သာ သွား ... ချန်းတိုင်းပြည်နယ်ကို ရောက်သွားလိမ့်မယ်။ ချန်းတိုင်း ပြည့်နယ်ကနေ သွားချင်တဲ့ မြေပုံကို ရှာဝယ်လို့ ရတယ်။ ပြီးတော့ သားရဲပျံလဲ ဌားလို့ ရတယ် ... "

"အဲဆို အခုက ကျုပ်တို့ ဘယ်နေရာရောက်နေတာလဲ .." မိုဝူကျီက နောက်တစ်ခု ထပ်မေးလိုက်သည်။

အမျိုးသမီးက ရှေ့အရပ်ကို ထိုးပြလိုက်ကာ "ဟိုးဘက်မှာဆိုရင် ယွီကောင်းပြည်နယ်ပိုင်နက်ပဲ  ..  ဒါက ချန်းတိုင်းပြည်နယ်နဲ့ ယွီကောင်းပြည်နယ်ကြား အလယ်ခေါင် ငြီးငွေ့တောအုပ်လို့ ခေါ်တယ် .. "

အမျိုးသမီးက ပတ်ဝန်းကျင်အနေအထားကို ရှင်းရှင်းလင်းလင်း သိသည့်ပုံပေါ်ကာ  သူမက ကြေးစားအုပ်စုအဖွဲ့ဝင်တစ်ယောက် ဖြစ်ရမည်။ မိုဝူကျီက မေးခွန်း မမေးခင် နှလုံးခုန် တစ်ချက် မြန်သွားလေသည် "ဝူရှူးစီရင်စုကိုရော ကြားဖူးလားဗျ ... "

"ကျွန်မကိုယ်တိုင် ရောက်ဖူးပါတယ် ..." အမျိုးသမီးက ရိုးရိုးရှင်းရှင်း ဖြေလိုက်သည်။

"ကျုပ်ကြားတာတော့ ဝူရှုးစီရင်စုမှာ အနက်ရောင်ပျားမြီး လို့ခေါ်တဲ့  မြင်းစီးဓားပြအုပ်စု ရှိတယ်တဲ့ ... အဲဒီအကြောင်းရော ကြားဖူးလား ..." မိုဝူကျီက ထပ်မေးလိုက်သည်။ အနက်ရောင်ပျားမြီးသည် ကျင်းလန်ပေးတို့ တစ်မိသားစုလုံးကို သတ်သွားသော အုပ်စုဖြစ်သည်။ သူတို့သည် ဝူရှူးစီရင်စုတွင် စတည်းချထားကြသည်။

လူသားသစ္စာ MM Translation  (201 - 300 ) (Z + U)Where stories live. Discover now